ဖောက်ပြန်တဲ့အကောင်ကို ပြောတဲ့ပို့စ် report ထိသတဲ့။ မယားငယ်ရဲ့ အပေါင်းအသင်းတွေက report တင်သလို ဖောက်ပြန်တဲ့အကောင်ရဲ့ အပေါင်းအဖော်တွေကလည်း မခေကြဘူး။ လူ့ကျင့်ဝတ်နဲ့ မညီ သိက္ခာမဲ့တဲ့ အလုပ်ကိုလုပ်တုန်းကလုပ်ပီး အခုကျမှ လူသိမှာကြောက်လို့ ကြိုက်သလောက် report တင်ကြ။ ဒါပေမယ့် သိပ်နောက်ကျသွားပီ။ facebook pages တွေတင်မကဘူး တယောက်ချင်းအကောင့်တွေမှာပါ screen shot တွေနဲ့ ပြောနေကြတာ။ ဒီပေ့ခ်ျတွေ reportထိလို့ ပျက်ချင်ပျက်မယ် လူတိုင်းစိတ်ထဲမှာဖြစ်ပေါ်သွားတဲ့ ရွံရှာစက်ဆုပ်မှုတွေကိုတော့ reportတင်ပြီး လိုက်ဖျက်လို့မရဘူး။ လူတယောက် အသက်ကို သေစေလောက်တဲ့အထိ ဖောက်ပြန်တဲ့ လူယုတ်မာနှစ်ကောင် လမ်းသွားရင် ဘေးဘီကိုလေ့လာကြည့်လိုက် နင်တို့ကို ရွံမုန်းတဲ့ မျက်လုံးပေါင်းတထောင်ကို တွေ့လိမ့်မယ်။ ဝဋ်ဆိုတာ ချက်ချင်းလည်တယ်ဆိုတာ ဒါမျိုးကိုပြောတာ။
Admin ဇိုးဇိုးဇတ်
ခိုင်သီဖေကို အပြစ်တင်ရင် ဦးကျော်ကျော်ကိုလဲတင်ရမယ်။
နှစ်ယောက်လုံးမှာ တူတူ အပြစ်ရှိတယ်။
ဘာလို့ ဦးကျော်ကျော်ပုံကျ ရီပို့ထုပြီး ပျက်အောင်လုပ်တာလဲ
နားမလည်ဘူး။
တချို့က ဖောက်ပြန်တဲ့ယောက်ျား အပြစ်၊ မယားငယ်တွေမှာ အပြစ်မရှိဘူး။
တချို့က ယောက်ျားဆိုတာ ရရင်ယူမှာဘဲ၊ မယားငယ်တွေမှာပဲအပြစ်ရှိတယ်။
တကယ်တမ်းကျတော့ နှစ်ယောက်လုံး ယွလို့ ဒီလိုဖောက်ပြန်မှုတွေပေါ်လာတာ။
ယောက်ျားတွေမယားငယ်ထားရင် ယောက်ျားရော၊ မယားငယ်ရော အပြစ်ရှိတယ်။
အဲ့ဒီ အပြစ်ရှိတဲ့ယောက်ျားကို ဘယ်လိုကိုင်တွယ်မလဲ။ ဆက်ပေါင်းမှာလား။
ကွာရှင်းမှာလားဆိုတာ မယားကြီးရဲ့ဆုံးဖြတ်ချက်။
သူကြိုက်သလို၊ သူအဆင်ပြေသလို ဆုံးဖြတ်နိုင်တယ်။
ပြန်ပေါင်းလို့ အပြစ်တင်စရာမလိုသလို၊ ကွာပြစ်လို့လဲ ရှုံ့ချစရာမလိုဘူး။
သတ်သေသွားလဲ သူ့ဆုံးဖြတ်ချက်ဘဲ။
ဖောက်ပြန်တဲ့သူက သူမှမဟုတ်တာ။
သူ့ဘာသာ ဘယ်လိုဆုံးဖြတ် ဆုံးဖြတ်။
သူပိုင်တဲ့ ယောက်ျား သူကြိုက်သလို လုပ်လိမ့်မယ်။
ယောက်ျားကလဲ အမှားအတွက်ပေးဆပ်ရလိမ့်မယ်။
လွတ်လပ်စွာ သဘောထား ကွဲလွဲကြပါ။
အမြင်မတူတိုင်းကို လေးစားပါတယ်

No comments:
Post a Comment