Total Pageviews

Wednesday, 27 May 2015

ခင်ဇာခြည်ကျော်လို မင်းသမီး အကြောင်းပြောတာတောင် ဒီလောက် ဂယက်ရိုက်င်္ပြီး ရီပို့ ဝိုင်းထုကြရင် မင်းသမီး ညီအမတွေထဲက ကလေးအမေ မင်းသမီး သူများယောက်ျားကို လုလို့  မယားကြီးမှာ အရမ်းခံစားနေရတာ ဆိုတာ ရေးရင် page တောင် ခုချက်ချင်း ပျက်မလား မသိဘူး။


ခင်ဇာခြည်ကျော်လို မင်းသမီး အကြောင်းပြောတာတောင် ဒီလောက် ဂယက်ရိုက်င်္ပြီး ရီပို့ ဝိုင်းထုကြရင် မင်းသမီး ညီအမတွေထဲက ကလေးအမေ မင်းသမီး သူများယောက်ျားကို လုလို့  မယားကြီးမှာ အရမ်းခံစားနေရတာ ဆိုတာ ရေးရင် page တောင် ခုချက်ချင်း ပျက်မလား မသိဘူး။ လူတွေကလဲ လူနဲ့ မူ မကွဲဘူး။ မင်းသားမင်းသမီးတွေကို ကြိုက်ရင် အကျင့်တွေပါ ကြိုက်တော့တာပဲ။ တစ်ဘက်မိသားစု ကိုနည်းနည်းလေးမှ မစဉ်းစားဘဲ သူတို့ မင်းသမီးကမှ အမှန်။ ခင်ဇာခြည်ကျော် အကြောင်းမတင်ခင် က ထီဆိုင်ပိုင်ရှင် မယားငယ် မင်းသမီး ဆိုတာဘယ်သူလဲ သေချာအောင် အရင် မေးကြည့်တာ သူလို့  ကွန်မန့် လာပေးတဲ့သူ ၉၈ ယောက်ရှိတယ်။ ဒါတွေက ပြီးသွားပြီမို့ ထားပါဆိုရင်တောင် ခုသူနဲ့ ဖြစ်နေတဲ့သူ ရဲ့  မယားကြီး က မီးစိမ်းပြတာနဲ့  တင်ဖို့ အဆင်သင့်ပဲ။ သူလိမ်နေတာ ကြည့်ပြီး တင်ချင်လိုက်တာမှ အသည်းယားတယ်။ ဒီမင်းသမီးတွေ ဆိုတာကလဲ ရှက်တတ် ကြောက်တတ်တဲ့ မယားကြီးတွေကို အနိုင်ယူပြီး သူတို့ ကမှ အပြစ် ကင်းလေဟန် လုပ်တော့တာပဲ။ သူတို့ ဘာပြောပြော ယုံတဲ့  မျက်ကန်း တွေရှိမှတော့ မိသားစုဘ၀တွေလဲ ပြိုကွဲနေဦးမှာပဲ။ အောက်မှာ ဖောက်ပြန်ခံရတဲ့ မယားကြီးတစ် ယောက်ရဲ့ လက်ရေးမူလေး တင်ပေးလိုက်တယ်။ လူတွေဟာ ကိုယ့်ပေါ်ကျတဲ့ အပူမှပူတယ် ထင်တတ်ပြီး ငွေကို လွယ်လွယ် ရချင်တဲ့ မိန်းမတွေကို အားပေးအားမြောက် လုပ်နေတာက ခေတ်ကို ပျက်စေတာပဲ။

1 comment: