Total Pageviews

Wednesday, 20 May 2015

သူများသုံးပြီးသား ဖန်တရာတေပြီးသား စမူဆာကလွဲပြီး မျက်စိထဲ ဘာမှမမြင်တော့တာကလဲ ပုံမှန်ဖြစ်နေကြ

ဪ မိမိမိန်းမ ငယ်ချစ်ဦးမှလွဲပြီး ဘယ်မိန်းမနဲ့မှ မပတ်သက်ဖူးတဲ့ ယောက်ကျားတွေ တွေ့လိုက်တော့တာနဲ့ အတွေ့မှာ တန်းတန်းစွဲဖြစ်ကြပုံများ ငယ်လင်ငယ်မယားအပေါ် ရက်စက် မိုက်ရိုင်း ဟိုသူနဲ့ဘယ်လိုမှ မအပ်စပ်ပါဘူး အဆင့်မတူပါဘူးဆိုတဲ့ အပျော်တွဲတာပါဆိုတဲ့ သမ္ဘာရင့်ကြီးတွေကို စွဲလန်းကြပြီး နွားပြာကြီး အောက်သွားမရှိသလို လေးဘက်ထောက်သွားကြပုံများ စကားတွေအမျိုးမျိုး ဗလောင်းဗလဲ ပြောတတ်ကြပုံများ အားလုံးအတူတူချည်းပါဘဲလား ကိုယ့်အနားမှာနေပြီး ဟိုသူများအိမ်ထောင်ဖျက်ဆီးတဲ့ မိန်းမကို ဒီလိုမိန်းမ ငါက ယူစရာလားကွလို့ ကြွေးကြော်ပြီး မိန်းမနောက်ကွယ်မှာ အငယ်ကကျွန်တော့ကောင်မလေး မယားကြီးက အိမ်က ဟာမကြီး ဖြစ်သွားတာကတော့ သူတို့ရဲ့ အကုသိုလ်ကြောင့် ငရဲပန်းကို ရွှေပန်းထင်သွားကြတာတော့ မတတ်နိုင်ပါလေ။ ကိုယ့်လင်သား ကိုယ့်သားအဖေကို ကလေးအမေတွေက အတတ်နိုင်ဆုံး ပြန်ကောင်းအောင် သဲတွေကို ကြိုးစားဖယ်ရှားဖို့ ကြိုးစားခဲ့ကြပါသော်လည်း ဘွတ်အဲကြီးတွေကတော့ သူတို့ခေါင်းထဲ ဟိုမိန်းမရဲ့ သူများသုံးပြီးသား ဖန်တရာတေပြီးသား စမူဆာကလွဲပြီး မျက်စိထဲ ဘာမှမမြင်တော့တာကလဲ ပုံမှန်ဖြစ်နေကြ ဖေါက်ပြန်ခံရတဲ့ မိန်းမတိုင်း ကြုံတွေ့နေကြပါ။ ကျွန်မ အခုတော့ သိပြီမောင်ရေ........ ရှင်တို့လို ယောက်ကျားမျိုးတွေ ဖေါက်ပြန်ရင် အဆိုးဆုံးဆိုတာ။ နောက်ဆုံး မျှော်လင့်ချက် ကိုယ့်မချစ်ရင် ကိုယ့်နေရာ တခြားမိန်းမနဲ့ အစားထိုးနိုင်ရင်တောင် သူ့သွေးသားလေး ကိုယ့်သားလေးကိုတော့ ဖခင်မေတ္တာပေးဦးမယ် ဒီသားလေး မေမေ့ကြောင့်တော့ သူ့အဖေမေတ္တာ မငတ်စေရဘူးလို့ မျှော်လင့်ခဲ့ပေမဲ့ အဲ့ဒီ့ နောက်ဆုံးမျှော်လင့်ချက်ကို ကျွန်မအပြီးတိုင် စွန့်လွှတ်ခဲ့တာ လွန်ခဲ့တဲ့ ၆ လကျော်ထဲကလေ။ သေသေချာချာ သိသွားတာက ဒီ့လူယုတ်မာ ရင်ဘတ်ထဲ ကိုယ်သားအမိဟာ နှမ်းတစေ့နေရာတောင် မရှိတော့ဘူး ဆိုတာ မိမိဥာဏ်နဲ့သေသေချာချာ သိသွားလို့ဘဲ။ ဒေါက်တာမမ မြစန္ဒီ ဟာ အမှန်အတိုင်း သိသွားတဲ့အခါ shock ရသွားပြီး ယူကြုံးမရစိတ် ရှက်ရှာလွန်းတဲ့စိတ် ရှေ့ဆက်တိုးတော့မယ်ဆိုတာ သိစိတ် သူ့ယောက်ကျားအပေါ် ချစ်တဲ့စိတ် ဒီစိတ်တွေနဲ့ မိမိကိုယ်ကို အဆုံးသပ်ခဲ့တာပါ။ ဘ၀တူချင်းမှ သေချာ နားလည်နိုင်မှာပါ ဘယ်လောက်ပူတဲ့အပူလဲဆိုတာကို၊ မေမေ သမီးမေမေ့ကို ကျေးဇူးတင်တယ် ကိုယ့်သမီးတွေကို အမှန်ကို သိအောင်ဥာဏ်ရည်ဥာဏ်သွေး ထက်မြတ်အောင် သတ္တိရှိအောင် ယောက်ကျားစိတ်နဲ့ မိန်းမတွေဖြစ်အောင် ပျိုးထောင်ပေးခဲ့ ကြီးပြင်းစေခဲ့လို့ဘဲ။
(ကျွန်မ ယနေ့အကြိုက်ဆုံး ကွန်မန့်တစ်ခု တင်ပေးလိုက်ပါတယ်။)
By ခင်လင်းလင်းဖြူ

No comments:

Post a Comment