3 hrs ·
ကျွန်မကို သနားရင်၊ ချစ်ရင်၊ ကျွန်မသားသမီးတွေကို စာနာ
ရင် ကျွန်မပြောသမျှယုံပေးပြီး ဒီ page ကို ရီပို့တင်ပေးပါနော် ဆိုတဲ့
မခင်ဇာခြည်ကျော်ကို ပြောချင်တယ်။
(၁) အမဟာ သဘောကောင်းချင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဒီဘဝ
ရောက်ဖို့သူတစ်ပါးမျက်ရည်တွေနဲ့ လမ်းခင်းခဲ့ရတယ်ဆိုတာ မမေ့ပါနဲ့။
သဘောကောင်းတာနဲ့ အကျင့်စာရိတ္တကောင်းတာ မတူပါဘူး။ လူဆိုးလူမိုက်
လူသတ်သမားတွေတောင် သေအောင် သဘောကောင်းတာမျိုးလဲရှိပါတယ်။
(၂) ကွာရှင်းစာချုပ်ပြလို့ လက်ထပ်ခဲ့တာပါလို့ပြောတယ်။ မကွာရှင်းခင်ကတည်း
က ဖြစ်နေတာကိုတော့ မပြောပါလား။ မယားငယ်ဆိုတဲ့ အတိတ်ကို ဘယ်လိုဖုံး
ဖုံး အမှန်တရားကိုတော့ ဖုံးကွယ်မရဘူး။
(၃) အိမ်ထောင်သက် ၆ နှစ်ကျော်မှ မယားကြီးနဲ့ ပြန်ပေါင်းလို့ကွာလိုက်တာလား။
အမသုံးဖြုန်းတဲ့ဒဏ်တွေကို မခံနိုင်လို့ ဟိုက မယားကြီးဆီပြန်သွားတာကို
အမက လျော်ကြေးရဖို့ တရားစွဲခဲ့တာလား။
(၄) အမခုရှိနေတဲ့ စည်းစိမ်ဥစ္စာတွေဟာ အမရှာထားတာလို့ ၁၀၀% အာမခံနိုင်လား။
(၅) အမက ကံကောင်းတော့ အမနဲ့ပတ်သက်တဲ့ မယားကြီးတွေဟာ တစ်လမ်းဝင်
တစ်လမ်းထွက် ယောက်ျားနဲ့အတူ စက်ဘီးလေးနဲ့ထီရောင်းလာခဲ့တဲ့ ရိုးရိုး
အေးအေး မိန်းမသားတွေ၊ မိသားစု အရှက်ရမှာကြောက်လို့ ဘာမှဖွင့်မချရဲဘဲ
တစ်ယောက်တည်းကျိတ်ခံတဲ့ မိန်းမသားတွေ၊ ယောက်ျားက လည်လွန်းတော့
သက်သေတွေအကုန်လက်စဖျောက်ပြီး ဒီမိန်းမတော့ ငါ့ကျော်ပြီးမလုပ်ရဲပါဘူး
ဆိုတဲ့လင်ကိုယူထားတဲ့ မိန်းမသားတွေဖြစ်နေတယ်။ သူတို့က အမလို စယ်လီ
ဘရစ်တီလဲမဟုတ်ပါဘူး။ ဖေ့ဘုတ်မှာ လူသိများဖို့ဝေးစွ ဖေ့ဘုတ်တောင် မသုံး
တတ်သူတွေပါ ပါတယ်။
(၆) အမက နောက်အိမ်ထောင်မပြုဘူး ပြောတယ်။ ပြောမှာပေါ့ အမရယ်။
ပိုက်ဆံတွေတောင်း ခိုးစားနေတာနဲ့တင် လုံလောက်ပြီကိုး။
ဒါမှ အမလဲအဆင်ပြေ၊ အမသားသမီးတွေလဲ မထိခိုက်တော့ဘူးလေ။
(၇) လောကမှာ ရုပ်ပြကောင်းသူ၊ ငိုစားရီစားသူ၊ လူတွေကိုလှည့်ဖျားတတ်သူ
တွေက အမြဲသာပါတယ်။ ဒါပေမယ့် အမှန်တရားဆိုတာ တစ်နေ့မဟုတ် တစ်
နေ့ထွက်လာမှာပဲ။ အဲ့ဒီနေ့ကိုပဲ စောင့်ပါမယ်။
(၈) လူပေါင်း ၂၅၀၀၀ လောက် like ထားတဲ့ page ပျက်ရုံနဲ့ အမနိုင်တယ်
မထင်ပါနဲ့။ တွေ့တဲ့နေရာမှာ တွေ့တဲ့လူကို ထီဆိုင်ပိုင်ရှင်ရဲ့မယားငယ်
မင်းသမီးလို့သွားမေးရင် အမနာမည်ကို ပြောကြလိမ့်မယ်။ ဒီ page ကတင်မှ
အမ အကြောင်းလူသိ တာမဟုတ် ။မတင်ခင်ကတည်းက အင်တာနက်မပေါ်
ခင်ကတည်းက အမအကြောင်း လူတော်တော်များများသိကြပါတယ်။
(ခင်ဇာခြည်ကျော်ရဲ့ မျက်နှာဖုံးကွာကျတဲ့နေ့ သူ့ကိုဝိုင်းအားပေးနေတဲ့
လူတွေ ဘာပြောမလဲလို့ အားလုံးကို screenshot ယူထားပါတယ်။
အဲ့ခါကျမှ လာရှင်းကြပါ)

ကျွန်မ ခင်ဇာခြည်ကျော်ကို ချစ်ကြ, ခင်ကြ, အားပေးကြသော ခုနှစ်ရက် သားသမီး များ ရှိသလို ,,ကျွန်မကို မုန်းသော , အမြင် မကြည် သော ခုနှစ်ရက် သားသမီး များ , ဇာ့ရဲ့ ပရိတ်သတ်များ အားလုံး မင်္ဂလာပါရှင်....!!! ကျွန်မ ဘဝအတွက် အရေး ကြီး တဲ့ ကျွန်မ သားသမီး ၂ ယောက် အတွက် သိက္ခာ တွေပါ ထိခိုက် အောင် ရေးသား နေ သော " မယားငယ်များ အရှုပ်တော်ပုံ " Page မှာ ကျွန်မ မိသားစု အတွက် ဂုဏ် သိက္ခာ ကို ပါ ထိခိုက် လာတဲ့ အတွက် ဖြေရှင်းရခြင်း ဖြစ်ပါတယ်ပရိတ်သတ်များအာလုံးရှင့်!!!
ကျွန်မ ဟာ ၁၅.၆.၂၀၀၀ ခုနှစ်မှာ အိမ်ထောင် ပြု ခဲ့ပါတယ်..သူတို့  Page ပေါ်မှာ ရေးသလို မယားငယ် အနေနဲ့ ယူခဲ့ရခြင်း မဟုတ်ပါ ,ဒုတိယအိမ်ထောင် အနေ နဲ့  ယူခဲ့ ခြင်းဖြစ်ပါတယ်...ဘာလို့ ယူခဲ့ ရသလည်း ဆိုရင် သူ နဲ့ ပထမ အိမ်ထောင်ရဲ့ ကွာရှင်းစာချုပ် မူရင်း ကို ကျွန်မ ကို ပေး ခဲ့, ပြခဲ့လို့ ကျွန်မတရားဝင် ယူ ခဲ့တာပါရှင့်..!!! ကျွန်မ နဲ့ ယူပြီးမှ ပထမအိမ်ထောင်ကို ပါ ပြန်လည် ပေါင်းသင်း တဲ့အတွက် ဘယ်လိုမှ မခံစားနိုင် တော့ လို အိမ်ထောင်သက် ၆နှစ်မှာ ကျွန်မ ဘက်က တိုင်းတရားရုံး ကတစ်ဆင့် ကွာရှင်းခွင့် ပေးဖို့  တရားစွဲ ဆို ခဲ့ပါတယ်...တရားစွဲပြီး ၂ နှစ် နေတော့ ကျွန်မကို တိုင်းတရားရုံးမှာ ကွာပေးခဲ့ပါတယ်...!!!
အခု လည်း ကျွန်မ ဟာ တစ်ခုခု ကို လုပ်တော့မယ်ဆို ကိုယ့်ထက် ကိုယ့် သားသမီး မျက်နှာကို ထောက်ပါတယ် ကျွန်မသားက လူပျို ဖြစ်နေ ပါပြီ ... အခု အမေရိကား ကလူနဲ့ လို့ ကျွန်မကို စွပ်စွဲ ထားတာ ကျွန်မ အခု မှ တွေ့ လို့  အံ့သြတုန်လှုပ် ပြီး အခုလို ဖြေ ရှင်း လိုက် တာပါ ..
ကျွန်မ သူများအိမ် ထောင် ရေး ဖြို ခွဲ ဖို့ နေ နေ သာသာ ကျွန်မ ဘာဆို ဘာမှ မသိရပါဘူးရှင် ... အမေရိကားမှာ မိတ်ဆွေ တွေ သူငယ်ချင်း လူလွတ် တွေ ရှိပါတယ် ... ဒါပေမယ့် ကျွန်မနဲ့  အဲဒီ လို ပတ်သက်တဲ့ ချစ်သူ , အိမ်ထောင် ရှိတဲ့ ချစ်သူ တစ်ယောက်မှ မရှိခဲ့ဘူး ပါဘူးရှင်...!! ကျွန်မ ထပ်အိမ်ထောင်ပြု ဖို့ လည်း အစီ အစဉ် မရှိသလို ...
အမေရိကား မှာနေဖို့ လည်း အစီအစဉ် မရှိပါဘူး ...ယောကျာင်္းယူဖို့ နေနေ သာသာ အခု လက်ရှိ ချစ်သူ ကို မထားတော့ တာပါ ...!!! ကျွန်မရဲ့ မိသားစု ဆွေမျိုး အသိုင်း အဝန်း သားသမီး ၂ ယောက် ရဲ့ မျက်နှာတွေ ကို ကျွန်မ ဘယ်တော့ မှ မဖျက်ပါဘူးရှင်..!! ဒါကြောင့် ကျွန်မနာမည် ကို ခုတုံး လုပ်ပြီး သိက္ခာ ချ နေ တဲ့ အတွက် ပရိတ် သတ် ကြီးရေ ကျွန်မ အသက် အရွယ် တစ်ခု လည်း ရနေ ပြီ , ဘဝ အတွေ့ အကြုံ တွေ လည်းရှိ ခဲ့ လို့  ကျွန်မကို ယုံကြည် ပေး ကြပါလို့  ပြောချင် ပါတယ်...
ကျွန်မကို သနားတယ် , ကျွန်မကို ယုံကြည်တယ်, ကျွန်မ မိသားစု ဂုဏ်သိက္ခာ ကို ကိုယ်ချင်းစာရင် ..
ဘာသက်သေ အထောက် အထား မှ မရှိပဲ ,အမေရိကား က လို့ စွပ် စွဲ ပြောဆို နေတဲ့  ဒီ Page ကို စာနာစိတ်ထား ပြီး Report လုပ်ပေး ကြပါရှင် ....!!!!

No comments:
Post a Comment