Total Pageviews

Monday, 18 May 2015

မနေ့က အက်မင်တို့ပေ့ခ်ျမှာ မယားငယ်မနဲ့ယုတ်မာတဲ့ ဖောက်ပြန်သူအကောင်ကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ ဆရာဝန်အမ အကြောင်းကို တင်အပြီး ဒီနေ့မနက်မှာပဲ အက်မင်တို့အရင်ပေ့ခ်ျ ပျက်သွားခဲ့ပါတယ်။ ဒီလိုဖြစ်မယ်ဆိုတာတွေ သိပြီးသားမို့ အက်မင်တို့ရဲ့ ပို့စ်တွေကို back up လုပ်ပေးနေတဲ့ အက်မင်တို့ ကိုယ်ပိုင်blog မှ ပို့စ်အဟောင်းတွေကို တတ်နိုင်သလောက် ကူးပြီးတင်ပြီးပါပီ။. အခု ပေ့ခ်ျအသစ်ကို သိပြီးသူများလည်း အများသိအောင် ရှယ်ပေးကြစေလိုပါတယ်။ အရင်ပေ့ခ်ျတွေမှာ အက်မင်တို့ဆီ အားကိုးတကြီးနဲ့ လာရင်ဖွင့်တိုင်ပင်နေတဲ့ မယားကြီးတွေ အိမ်ထောင်ပျက်က ကလေးတွေ များစွာရှိတာမို့ သူတို့အတွက် ရင်ဖွင့်စရာ ပေါက်ကွဲစရာ နေရာလေးတနေရာ ရှိနေစေချင်တဲ့ စေတနာကြောင့် အက်မင်တို့ ကိုယ့်ထမင်းကိုယ်စားပြီး သူတို့အတွက် ဖန်တီးပေးနေတာပါ။ အခုဆို အားလုံးတွေ့ကြတဲ့အတိုင်းပဲ မယားငယ်မတွေရဲ့ အင်အား၊ ဇရှိမှုနဲ့ လက်ဇောင်းထက်မှုက အံ့မခန်းပါပဲ။ ဒါပေမဲ့ အက်မင်တို့ ဘယ်တော့မှ ဇွဲလျှော့မှာ အလျှော့ပေးမှာမဟုတ်ပါဘူး။ သူများမိသားစု သာယာမှုကို ဖျက်ဆီးနေတဲ့ မယားငယ်မတွေနဲ့ ဖောက်ပြန်တဲ့ယောကျာ်းတွေကို လူပုံအလည် မျက်နှာမဖော်ရဲအောင်၊ မှတ်လောက်အောင် ပညာပေးရမယ့်တာဝန်က အက်မင်တို့မှာ အပြည့်အဝရှိတယ်လို့ခံယူထားပါတယ်။ ဒီပေ့ခ်ျတွေပျက်သွားပေမယ့် သူတို့လုပ်ရပ်ကို လူမသိဘူးလို့ ထင်နေရင်မှားပါလိမ့်မယ်။ အက်မင်တို့ရေးခဲ့သမျှတွေကို သေချာ back up လုပ်ထားပြီး။ ထပ်ခါတလဲလဲ တင်နေအုန်းမှာပါ။ အက်မင်တို့ကတော့ မရရတဲ့နည်းပေါင်းစုံ သုံးပြီး မယားငယ်တွေကို ဆက်လက် ဖော်ထုတ်သွားမယ်ဆိုတာ အားလုံးကို အသိပေးလိုက်ပါတယ်။
လာအားပေးသူအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်
Admin ဇိုးဇိုးဇတ်
On behalf of Admin team

No comments:

Post a Comment