မိသားစုဘဝတွေကို ဖျက်စီးတဲ့ တရားခံမယားငယ်မတွေကို မုန်းတယ်ဆိုပေမဲ့လည်း၊ အချိန်မှီအသိတရားရပြီး မှန်ကန်တဲ့လမ်းကို ရွေးချယ်တဲ့ မယားငယ်ဖြစ်ခဲ့ဘူးတဲ့ အမျိုးသမီးလေးတွေကို အက်မင်တို့ ကြိုဆိုပါတယ်။ စိတ်ဓာတ်ခွန်အားတွေလည်း ပေးချင်ပါတယ်။ နင်တို့တွေ အပုပ်ချယုံသက်သက်လုပ်နေတာ ဘယ်သူအတွက်မှ အကျိုးမရှိဘူးလို့ ကဲ့ရဲ့တဲ့သူတွေ အောက်က screenshot ကို ကြည့်ပါ။ ကိုယ်အပုပ်ချလို့၊ အတင်းတုပ်လို့ မိန်းမသားတို့ ကလေးတို့ဘဝတွေ မယားငယ်ရန်က ကင်းဝေးလို့ အေးချမ်းသွားမယ်ဆိုရင်၊ မယားငယ်လေးတွေလည်း တန်ဖိုးရှိတဲ့မိန်းမဘဝကိုဖြစ်အောင် ပြန်လည်ကြိုးစားကြမယ်ဆိုရင် အကုသိုလ်ရလည်း ယူပါမယ်။ ကိုယ့်အကုသိုလ်နဲ့ကို ကျေနပ်ပြီးသားမို့ လာတားနေကြလည်း အချိန်ကုန်လက်ညောင်းတာပဲ အဖတ်တင်မယ်။ တို့တွေကတော့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး။ အခုဆိုရင် အိမ်ထောင်သည် အမျိုးသမီးတွေက သူတို့ခင်ပွန်းတွေကို ဒီပေ့ခ်ျရှိတယ်ဆိုတာ အသိပေးပြီး မလှုပ်ရဲအောင် ကာကွယ်ထားကြပါသတဲ့။ ဖောက်ပြန်ချင်တဲ့ စိတ်တွေကို အရှက်တရား အကြောက်တရားတွေနဲ့ ထိန်းချုပ်ကြစေလိုပါတယ်။ အင်တာနက်ခေတ်ကြီးမှာ လူတောတိုးချင်ရင် ဆန္ဒကို သိက္ခာနဲ့ထိန်းနိုင်မှဖြစ်မှာပါ။ ဒါလေးရေးပြီးလို့ Page ပျက်သွားခဲ့ရင် Page အသစ်ကိုရှာပါ။ မတွေ့ရင် ဒီLink (http://2protect.blogspot.sg) မှာ အက်မင်တို့ နောင်ထပ်ဖွင့်မဲ့ ပေ့ခ်ျအသစ်တွေရဲ့ link ကိုပေးထားပါမယ်။
အားပေးကြတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် 😊😊😊
Admin ဇိုးဇိုးဇတ်
No comments:
Post a Comment