ဝဋ်ကြွေးတဲ့လား
------------------
------------------
လွန်ခဲ့တဲ့ ၇ လ လောက်က ဒုတိယအကြိမ် မြန်မာပြည်ပြန်ပြေးပြီး မယားငယ်နဲ့ခိုးပြန်ပေါင်းတဲ့ အဖေကို သိတတ်တဲ့အရွယ်ဖြစ်နေတဲ့သားက ဖုန်းခဏခဏ လှမ်းခေါ်ပြီး ဖေဖေသားအတွက် မြန်မာပြည်ပြန်ပြီး စီးပွားရှာတာဆို အခုသားကို ကျောင်းစရိတ်မလွှဲတာ လွှဲမယ်ပြောပြီး မလွှဲတာ ၃ လထဲရောက်ပြီနော် အရင်နှစ်က တစ်နှစ်လုံးစာ သားကို ပေးဖို့ ဖေဖေ စင်္ကာပူဒေါ်လာ တစ်သောင်း ၂ ထောင်ကျော်လဲ တရားသူကြီးရှေ့မှာ ပေးပါ့မယ် လက်မှတ်ထိုးပြီး အခုအထိလဲ မပေးသေးဘူးနော် ဖေဖေက အဲ့ဒီ့ကုမ္ပဏီထောင်တာ သားဖို့ဆို ဟိုမယားငယ်ကို ၀ဋ်ကြွေးပါလာလို့ ခဏပေါင်းနေတာဆို သားကျောင်းလခ ပေးဖို့တွေရှိနေပြီ ဖေဖေ ငွေလွှဲပေးပါတော့လို့ ပြောတဲ့သားကို " ဟေ့ကောင် နားညည်းတယ် မင်းပါးစပ်ပိတ်ထား ငါအဆင်မပြေဘူးကွ ငါ့မှာလဲ ငါ့ဘ၀နဲ့ငါရှိသေးတယ်" လို့ လူမဆန်စွာ ဖခင်စိတ်မဲ့စွာ ပြန်ပြောခဲ့ပြီး မင်းအခုလို တကျီကျီ ဖုန်းလှမ်းခေါ်နေရင် ငါဒီဖုန်းကို ပိတ်လိုက်မယ် လို့ပြောပြီး မကြာခင် ဖုန်းပြောင်းကိုင် ဖုန်းပိတ်ခဲ့ပြီး ကလေးအပေါ် အဆက်အသွယ်ဖြတ်တောက်ခဲ့တာ ၅ လ နီးပါး၊ အမေ ပင်ပန်းနေတာ မကြည့်ရက်တဲ့ သားဟာမြန်မာပြည်က သူ့အမျိုးတွေဆီက အဖေဖုန်းနံပါတ်ကို လှည့်ပတ်စုံစမ်းနေတာသိလို့ အမေကလဲ သူ့လိုချင်တဲ့ ဖုန်းနံပါတ်ကို ရအောင်စုံစမ်းပေးခဲ့ပြီး သားလက်ထဲထည့်ပေးခဲ့တယ် လွန်ခဲ့တဲ့ရက်တွေမှာ သားဖုန်းခေါ်တာ မကိုင်ဘူးလို့ သားဆီက တစ်ချက်ကြားခဲ့ရပြီး မနေ့ညကတော့ အလုပ်က မောမောနဲ့ပြန်လာတဲ့ ကျွန်မကိုသားက မေမေ မေမေ သားဖေဖေနဲ့ အဆက်အသွယ် ပြန်ရပြီ သူက ပိုက်ဆံလွှဲပေးမယ်တဲ့လို့ ၀မ်းသာအားရ ပြန်ပြောတဲ့သားကို ကျွန်မက စိတ်ထဲမကောင်းလို့ ခေါင်းဘဲတစ်ချက်ဆတ်ပြခဲ့ပြီး အိပ်ယာဝင်စေခဲ့တယ်လေ။ ဒီနေ့မနက် သားကျောင်းသွားချိန်မှာ သားဖုန်းထဲက call recorder ကိုဖွင့်ပြီး နားထောင်ခဲ့ရတော့မှ ကြားရတာက ၅ လကျော် အဆက်ဖြတ်ထားခဲ့တဲ့ သူ့ရဲ့တစ်ဦးတည်းသော သားကို သူဖုန်းကိုင်ပြီး ဟယ်လိုလို့ ထူးတော့ သားက ၀မ်းသာအားရအသံနဲ့ " ဖေဖေ ဖေဖေလားတဲ့ ...အေး ဟုတ်တယ် ဆိုတဲ့ မာပြတ်ပြတ်အသံအဆုံးမှာ ဖေဖေ နေကောင်းရဲ့လား....ဆိုတဲ့သားရဲ့ မေတ္တာသံ သူ့ဘက်က ...အေး ကောင်းတယ် ဆိုတဲ့ အသံပြတ်ပြတ်အဆုံးမှာ ...... သားတော့နေမကောင်းဘူး ဖေဖေ.... ဆိုတဲ့ သားရဲ့အသံ....ဘာဖြစ်တာလဲ ဆိုတဲ့ ၀တ်ကြေတန်းကြေ အသံအဆုံးမှာ သားရဲ့ Ful ပါဖေဖေ သား ချောင်းဆိုးနေတာ အခုကောင်းနေပါပြီဆိုတဲ့ သားရဲ့အသံ .....ဪ အေး ဂရုစိုက်ဆိုတဲ့ သူ့အသံ ပြီးတော့ ...သားက ဖေဖေကြီး .....သားကို ပိုက်ဆံမလွှဲပေးတာလဲ ကြာလှပြီ ဘယ်တော့လွှဲပေးမလဲ ဆိုတဲ့.... သားအသံ အဲ့ဒီအသံအဆုံး အေးလွှဲပေးမယ်ဆိုတဲ့ သူ့အသံ....ဘယ်တော့လို့ မမေးနဲ့ ဘယ်လောက်လဲမမေးနဲ့ ငါအဆင်ပြေရင် လွှဲပေးမယ်ဆိုတဲ့ သူ့အသံ ပြီးတော့ မင်းအမေကို ပြောလိုက် ဖေ့စ်ဘုတ်မှာ စာတွေမရေးနဲ့လို့ ငါတို့ အခုလုပ်ငန်းထိခိုက်တယ်လို့ ပြောလိုက်.....သားက ဟုတ်ကဲ့ ဒါဆို ဒါဘဲနော် ဖေဖေသားကို ဖုန်းဆက်နော်..... ဆိုတဲ့သား အသံ.... အေး မင်းဖုန်းက အရင်ဖုန်းဘဲ မဟုတ်လား ဆိုတဲ့.... သူ့အသံ သားက အရင်ဖုန်းဘဲ ဖေဖေလို့ ပြန်ဖြေသံအဆုံးမှာ တဖက်က ဖုန်းအရင်ချသံ..... ဒီအသံတွေကို ကျွန်မဒီနေ့ကြားခဲ့ရတဲ့ အသံတွေပါ။ သားအရင်းကို အဖေအရင်းက အဆင်ပြေမှ ကျောင်းစရိတ် ပေးနိုင်မယ်တဲ့ အရပ်ကတို့ရေ လူကြားကောင်းကြသေးရဲ့လား၊ မယားငယ်နေတာ ၀ဋ်ကြွေးတဲ့လေ။ သူ့ မယားငယ်ကို ပေးနေကြွေးနေ ထောက်ပံ့နေတဲ့ လုပ်ငန်းထိခိုက်မှာတော့ ကြောက်တတ် သေးတယ်ပေါ့၊ ညီမတွေ အားလုံးကို သိအောင် ပြောချင်တယ် အမတို့ ဒင်းတို့အကြောင်း အခုလို ဖေ့စ်ဘုတ်မှာ လူသိရှင်ကြား ဖွင့်ချပြခဲ့ကြတာ အင်မတန် ထိရောက်တယ် ဆိုတာဘဲ ဟားဟား မယားငယ်နေတာ ၀ဋ်ကြွေး ဆိုရင် အိမ်ထောင်ရှင် ယောက်ကျားတိုင်း ဒီဝဋ်ကြွေးကို အတင်းဆွဲယူချင်ကြမှာဘဲလို့။ နင်သိထားရမှာက ပျားရည်နဲ့ဝမ်းချတာ ကလေးကိုဘဲ ရမယ်ဆိုတာဘဲ။
By ခင်လင်းလင်းဖြူ
No comments:
Post a Comment