Total Pageviews

Thursday, 28 May 2015

ဒီပေ့ခ်ျကို စထောင်ခဲ့ကတည်းက သစ္စ္စာဆိုခဲ့ပြီးသား

ဒီပေ့ခ်ျကို စထောင်ခဲ့ကတည်းက သစ္စ္စာဆိုခဲ့ပြီးသား ဒီပေ့ခ်ျဟာ မိန်းမနဲ့ယောက်ကျား Gender ခွဲခြားမှု့၊ ကလေးတွေ မျက်နှာ မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့ ဂုဏ်သိက္ခာ ပတ်ဝန်းကျင်ကို ရှက်ရွံ့ရင်မဆိုင်ရဲမှု့တွေ ကြောင့် မိမိအိမ်ထောင်ဘက်ရဲ့ ဖေါက်ပြန်မှု့ ငွေကြေး တစ်စုံတရာ မထောက်ပံ့မှု့တွေကို လည်စင်းခံရင်း ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေ ရဲ့ အိမ်တွင်း အကြမ်းဖက်ခံရမှု့ကို လျော့နည်းအောင်
တန်ဆာခံ မြေဇာပင် အိမ်ထောင်ကျိုးမှ စိတ်ဒဏ်ရာ ရခဲ့ကြတဲ့ ကလေးတွေ နည်းနိုင်သမျှနည်းအောင် မလိမ်မိုးမလိမ်မာ မသိနားမလည်တဲ့ အပျိုအမျိုး ကောင်းသမီးလေးတွေကို ငွေကြေးကြောင့် ရာထူးကြောင့် အပျိုရည်ဖျက်ခံရပြီး မယားငယ်ဘ၀သို့ အတင်းသွပ်သွင်းခံရမှု့တို့ ပပျောက်အောင် တမင်မိမိ မွေးရာပါ စမူဆာကိုရင်းပြီး ကြိုက်သလောက် နှိုက်မြည်းခိုင်း အမြီးကျွေးပြီး အရူးအမဲသား ကျွေးမိသလို တန်းတန်းစွဲဖြစ်လာမှ မယားကြီးကို အတင်းကွာခိုင်းပြီး သူ့ကိုလက်ထပ်ခိုင်းတဲ့ လူလွန်မ သားသမီး အကျင့်ပျက် မယားငယ်မတအုပ်ရဲ့ မင်းသမီး မျက်နှာဖုံးများ ခွါချဖေါ်ထုတ်ပြရန် ရည်ရွယ်ပြီး ယခုပေ့ခ်ျကို ထောင်ခဲ့ပါသည်။ အက်မင်တို့ရဲ့ စစ်မှန်သော မှန်ကန်သော သစ္စ္စာစကားကြောင့် အမျိုးကောင်းသမီးတို့ဘ၀များစွာနှင့် အပြစ်မဲ့ ကလေးတို့ရဲ့ ဘ၀များစွာကို ကယ်တင်ခွင့်ရနိုင်ပါစေသား..................
Admin မမကြီး
Admin Team
Like · Comment · 

No comments:

Post a Comment