ကမ္ဘာပေါ်မှာ မယားငယ်အပေါဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးကပါမယ်ထင်တယ်။ တနေ့တနေ့ လာပို့ပေးထားတဲ့ မယားငယ်တွေအကြောင်းဆိုတာ နည်းတာမဟုတ်ဘူး။ မြန်မာနိုင်ငံက မိန်းကလေးတွေ ဘာလို့ဒီလောက်တောင် အကျင့်ပျက်နေကြတာလည်း။ အချို့မယားငယ်ရဲ့ မိဘတွေဆို သူတို့သမီး မယားငယ်ဖြစ်တာကို မဆုံးမတဲ့ အပြင် သူတို့ကပါ လင်လုပွဲမှာ ဝိုင်းကူပေးကြသေးတယ်။ မိန်းမကောင်းတွေရဲ့ နောက်ကွယ်မှာ မြင့်မြတ်တဲ့ အကျင့်စာရိတ္တကောင်းတဲ့ အမေတွေရှိနေတယ်ဆိုတာ အရမ်းမှန်ပါတယ်။
အခုလည်း ရိုက်သတ်မကုန်တဲ့ မယားငယ်တွေထဲက တယောက်အကြောင်း ဖော်ပြပါဦးမယ်။ သူကတော့ နာမည်ကြီး အိမ်ထောင်ရှိ ရုပ်ရှင်ဒါရိုက်တာတယောက်နဲ့ ဖောက်ပြန်နေတဲ့ မယားငယ်မပါ၊။ မယားငယ်တို့ရဲ့ ထုံးစံအတိုင်း ပွဲဦးစမို့ အွန်လိုင်းပေါ်အထိတက်ပြီး လက်ခမောင်းခတ်နေလေရဲ့။ ဘယ်အချိန် ကလေးတစ်ယောက်ပိုက်ပြီး လင်ပစ်ခံဘဝ ရောက်လို့ အရူးမီးဝိုင်းဖြစ်ဦးမလည်း မသိဘူး။ သူများ မိသားစုပြိုကွဲမှ လင်ရမယ့် အတန်းအစားတွေကို ယောက်ျားတွေကလည်း သိတယ်။ အိမ်ထောင်သည်ယောကျာ်းတွေ ရွချင်လာပြီဆိုရင် အဲ့လို ခပ်ပျက်ပျက်တန်ဖိုးမရှိတဲ့ မိန်းမတွေကို လိုက်ရှာကြတယ်။ ဘယ်အမျိုးကောင်းသမီးမဆို အိမ်ထောင်သည်ယောကျာ်းတယောက် ချဉ်းကပ်တာ လက်ခံမယ်မထင်ပါဘူး။ မိန်းမပျိုလေးတွေ မိမိတို့ကို အိမ်ထောင်သည်ယောကျာ်းတယောက်က မရိုးမသားချဉ်းကပ်လာရင် ဒီလူဟာ ကိုယ့်ကို သူတို့ထင်တဲ့ အတန်းအစားလားသိချင်လို့ စမ်းသပ်တယ်မှတ်ပါ။ ဒီလို သူများလင်အို ရွတ်တွကြီးတွေရဲ့ အနှစ်သာရမရှိတဲ့ အချစ်စကားတွေက တကယ်တော့ ရွံစရာကြီးပါ။ သူတို့တကယ်ပေးချင်တာ အချစ်မဟုတ်ဘူး။ ဘာလည်းဆိုတာတော့ ရိုင်းလို့ မပြောချင်တော့ဘူး။ မိန်းမကောင်းမှန်ရင် အဲ့ဒီအဆင့်မှာတင် တောက်ထုတ်လိုက်ပါ။ သူများလင်မှန်းသိသိနဲ့ လိုလိုချင်ချင်လက်ခံတဲ့ မိန်းမပျက်တွေကို ပြည့်တန်ဆာမတွေထက် အဆင့်နိမ့်တယ်လို့ အက်မင်တို့ သတ်မှတ်ပါတယ်။ အခု ဖော်ပြထားတဲ့ မယားငယ်မလည်း ရှေ့ဆက်တိုးမယ်ဆိုရင် သူ့ရှေ့က စီနီယာမယားငယ် အကျော်အမော်များလို လင်ပစ်ခံဘဝနဲ့ လူအများရဲ့ ရွံရှာမုန်းတီးခြင်းကိုခံရပြီး ဘဝအဆုံးသတ်ရမယ် ထင်ပါတယ်။ အချစ်တွေ၊ ဂရုစိုက်ကြင်နာမှုတွေ ဖောဖောသီသီရနေလို့ ကံကောင်းတယ်မထင်နဲ့။ ကိုယ့်ဘက်က ဘာမှပြန်မပေးပဲ အဲ့တာတွေရနေတယ် ဆိုရင်တော့ လက်ခံလိုက်မယ်။ အခုတော့ အိပ်ခန်းထဲက ပုံတွေကြည့်တာနဲ့ ဘယ်လောက်ပေးလိုက်ရလည်းဆိုတာ သိသာနေပြီ။ ကိုယ်ရတဲ့ အချစ်တွေနဲ့ ပြန်ပေးလိုက်ရတဲ့ ခန္ဓာကိုယ်ရယ် သိက္ခာတရားရယ် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မုန်းတီးမှုရယ်က တန်ရဲ့လားမစဉ်းစားဘူးထင်တယ်။ ဒီယောကျာ်းက သူ့မိန်းမကို မင်းထက်ဦးအောင် ချစ်ခဲ့ ယုယခဲ့ ၊သည်းသည်းလှုပ်ခဲ့ပြီး သူ့ဘဝတစ်ခုလုံးပုံအပ်ခဲ့တာတောင် ဖောက်ပြန်သေးတာ။ မင်းကိုလည်း ဘယ်အချိန်အဲ့လိုလုပ်မလည်း တို့တွေ စောင့်ကြည့်မယ်။ အဲ့အချိန်ကျရင် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို မယားကြီးထက် အဆစ်ခံရလိမ့်မယ်။ လက်မလွန်ခင် စောစောစီးစီး အမြင်မှန်ရပါလို့ သတိပေးလိုက်ပါတယ်။

No comments:
Post a Comment