မိန်းမနဲ့ကလေးရှိလဲ မင်းသမီးမြင်ရင် နန့် နန့်တက် သောလူစားများ
ရှိကြောင်း တင်ပြလိုက်ရပါသည်။
(ဆုပန်ထွာ USA မလာမှီ သဇင် USA လာစဉ်ကပုံများ)

ဘုရားတရားလုပ်တာ အင်မတန်မွန်မြတ် အေးချမ်းတဲ့အရာပါ။
ဒါပေမယ့် မနက် ၁၀ နာရီခွဲကြီးလဲ ယုံကြည်ကိုးကွယ်ပြီး
တစ်မနက်လုံး တတွတ်တွတ်ရွတ်ဆိုဖြစ်တယ့်ဘုရားစာဆိုပြီး
နေ့တိုင်း စတေးတပ်တင်တော့ တစ်မနက်လုံး
(အိပ်ယာထကတည်းက မနက် ၁၁ နာရီ သို့ မွန်းတည့် အထိ ဘာလုပ်လုပ် တစ်တွတ်တွတ်
ရွတ်နေတာလား) ဆိုတာ မေးလဲမေးချင်တယ်။ မေးလဲမမေးရဲဘူး။
ဘုရားစာရွတ်လို့ရတဲ့ ကုသိုလ်က သတ်သတ်။
သူများယောက်ျားကို လင်မယားကွဲအောင်စောင့်ပြီး ယူ။
တကယ်အပိုင်ရပြီဆိုမှ အင်တာဗျူးတွေကနေ မယားကြီးကို
ခုတော့ အဆင့်အတန်းသိရတာပေါ့ဆိုပြီး စောင်းမြောင်းပြော။
ဖေ့ဘုတ်မှာ လက်သီးလက်မောင်းတန်းပြီးအောင်ပွဲခံအစရှိတဲ့
အကုသိုလ်တွေက သတ်သတ် ဆိုတာ ပြောလဲပြောချင်တယ်။
ပြောလဲပြောပလိုက်ပြီလေ။

အမှန်က ရှင်းရှင်းလေး။ အမေဆိုတာ သားသမီးဘယ်ဘဝရောက်ရောက် ချစ်
ပြီးသား။ တချို့အမေတွေဆို သားက မယားငယ်ထားတာတောင် သားဘက်ပါ
ပြီး မယားကြီးကို ဖိချင်ကြတာလဲတွေ့ဖူးတယ်။ ဥက္ကာကျော်လို ငွေကလွဲပြီး
မက်လောက်စရာထွေထွေထူးထူးမရှိတဲ့လူကို ဆုပန်ထွာလို အပျိုလေး၊ ရုပ်ချော၊
သဘောကောင်း ပုံရ၊ သူ့ဝင်ငွေနဲ့သူ ရပ်တည်တဲ့ မင်းသမီးနဲ့ သာမန်အခြေအနေ
ဆို ဘာမှ သဘောမတူစရာအကြောင်းကို မရှိဘူး။ အမွေဖြတ်ဖို့ နေနေသာသာ
အုန်းပွဲငှက်ပျောပွဲနဲ့တောင် တောင်းပေးဦးမယ်။ ခုဟာက မယားကြီးငုတ်တုတ်
ဒုက္ခိတ ကလေးလေး အဖေမဲ့သွားမှာစိုးလို့ အမေအိုကြီးက အဲ့မင်းသမီးကို
ယူရင် အမွေဖြတ်မယ်နော် ရာဇသံပေးခဲ့တာကို ဂုဏ်လုပ်ပြီး ပြောမဆုံးဘူး။
ဒါ အပျိုတစ်ယောက်အနေနဲ့ ဂုဏ်ယူရမယ့်အရာလား။ သူများယောက်ျားကြီး
က ကိုယ့်ကို အရမ်းလာချစ်ပြနေတာ ဝမ်းသာစရာလား။ အဲ့ယောက်ျားအမေကိုယ်တိုင်
က သဘောမတူ မကြည်ဖြူ သတင်းစာထဲက အထိကြေငြာတာ ကြွားဝါစရာလား။
အပျိုတစ်ယောက်ဟာ ကိုယ့်ကို ယောက်ျားတစ်ယောက်က ဘယ်လောက်ချစ်တာ
ဘယ်လို ခမ်းခမ်းနားနား မင်္ဂလာဆောင်တယ်ဆိုတာ ဂုဏ်ယူဖို့ထက်
အဲ့ယောက်ျားကို ရဖို့ သိက္ခာတွေဘယ်လောက်ကျသွားလဲ။ ယောက္ခမတွေကသဘော
တူကြည်ဖြူရဲ့လားဆိုတာ ပိုအရေးကြီးတယ်။ ဘယ်နေရာတွေမှာ ခမ်းခမ်းနားနား
မင်္ဂလာဘယ်နှစ်ခါဆောင်ဆောင် သတို့သားဘက်က ကလေးရဲ့ မျက်ရည်တွေ
အမျိုးအရင်းတွေလုံးဝမလာတဲ့ မင်္ဂလာပွဲကို သူမို့ ကြွားလို့မဆုံးဘူး။
ဒီလိုမိန်းမမျိုးတွေ၊ သူတို့ကို အားကျတဲ့မိန်းမတွေများလာရင် ရိုးရိုးသားသား
ရှာဖွေစားသောက်နေတဲ့ လူပျိုလူလွတ်တွေ မိန်းမတောင်ရမှာ မဟုတ်ဘူး။
ချမ်းသာပြီးသား ကလေးအဖေတွေဘဲ စွံပြီးရင်း စွံနေမှာ။
သူတို့ က ပိုချစ်တတ်တယ်လေ။ ငွေရှိတာကိုး။ စိန်ဝယ်ပေးနိုင်တယ်။
တိုက်ဝယ်ပေးနိုင်တယ်။ ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးနိုင်တယ်။
ငွေမရှိတဲ့ လူပျိုဆို ချစ်တတ်တာလေးတစ်ခုတည်းနဲ့ လက်ခံမှာတောင်
မဟုတ်ဘူး။ အရာရာဟာ ငွေကြောင့်အဆင်ချောသွားတယ်ဆိုတာ
လူတွေမမြင်ပါလား။ မယားငယ် အားကျပိုးတွေ ပိုပြန့်ပွားလာတယ်။
အပြစ်မဲ့ကလေးတွေမျက်ရည်တွေနဲ့ သူတို့မို့ အပျော်ရှာချင်ကြတယ်။
ဂုဏ်ယူစရာမရှိဂုဏ်ယူတဲ့သူနဲ့ အရူးဘုံမြှောက်နေသူတွေကြောင့်
တစ်လင်တစ်မယားစံနစ်ဆိုတာ ပျောက်ကွယ်သွားမှာဘဲ။
မဖြစ်ဘူး မထင်နဲ့။ အရင်ကထက်
မယားငယ်တွေများလာတာတော့ မငြင်းဘူးမဟုတ်လား။

ကိုယ့်သား ရောဂါသည်ကိုတော့ ဂရုမစိုက် တခါမှ စကားထဲထည့်မပြောသမျှ
ဆုပန်ထွာ အမ ရဲမိုးမိုးသူသားလေး မိစုံဖစုံ ကျန်းကျန်းမာမာ ကလေးလေးကို
ဗန်ကောက် အတူခေါ်သွားရတာနဲ့၊ အင်္ကျီဆင်တူဝတ်ရတာနဲ့။ အမြင်ကပ်လို့
ပေါ်တင်ပြောသည်။ ဖင်နာသူများ နာနိုင်သည်။
(ကလေးနဲ့ နှစ်ယောက်သား ဗန်ကောက်သွားတဲ့ လေယာဉ်ပေါ်တွင်ရိုက်ထားသော
ပုံ။ အဖေလုပ်ဖို့ မထိုက်တန်သူများကိုရွံလွန်းလို့)

အော်တစ်ဇင် ရောဂါသည် သားရှင်ပြုတာတောင် မသွားတဲ့ အဖေ။ မယားငယ်မနဲ့ မင်ဂါဆောင်တော့  မယားကြီးနဲ့ ကလေးရှိတဲ့ မြို့ မှာ သွားဆောင်တယ်။ လူသားချင်းလေးစားမှုလေးတောင် မရှိနိုင်တော့ဘူး။ ဒီလို လူမျိုးတွေကို ကိုယ့်ထမင်းကိုယ်စားပြီး ပြောတယ်ဟယ်။ မကျေနပ်လဲ မတတ်နိုင်ဘူး။
No comments:
Post a Comment