Total Pageviews

Sunday, 26 July 2015

ဒီပေ့ခ်ျရဲ့ အက်မင်တို့ လိုက်နာကျင့်သုံးတဲ့ စည်းကမ်းချက်များ.......................................................................ဒီပို့စ်ကို အရင်တုန်းကလဲ တင်ဖူးပါတယ် အခုထပ်မံ ဖေါ်ပြပေးခြင်း ဖြစ်ပါတယ်ရှင့်.......မယားငယ်များ ဖော်ထုတ်ပညာပေးရေး ပေ့ခ်ျမှာရော ယခင့် ယခင်က မယားငယ်များ နှိမ်နင်းရေး၊ မယားငယ်များ အရှုပ်တော်ပုံပေ့ခ်ျမှာရော ဖေါ်ပြခဲ့တဲ့ ဖေါက်ပြန်သူ ယောက်ကျားနဲ့ မယားငယ်များအကြောင်းကို ပို့စ်တင် ဓါတ်ပုံတင် ဖေါ်ပြပေးတဲ့အခါ အက်မင်တို့အဖွဲ့က အမြဲဘဲ ဖေါ်ပြပေးဖို့ တောင်းဆိုတဲ့ ကာယကံရှင် မယားကြီးကို ကိုယ်တင်ခိုင်းတဲ့ ပို့စ်ရဲ့ အကျိုးအပြစ်ကို ကိုယ်တိုင် တာဝန်ယူရမှာ ဖြစ်လို့၊ အဲ့ဒီလို ဖေါ်ပြပေးတဲ့ ပို့စ်တွေအောက်မှာ အကောင့်အစစ်နဲ့ လာမန့်ပေးဖို့ မယားကြီး ဆန္ဒအရ ဒီပို့စ်တင်ပေးတယ်ဆိုတာ လူတွေသိစေဖို့ ရည်ရွယ်ရင်း ပြောကြား ဂတိတောင်းခဲ့သလို အစစ်အမှန်ဖေါက်ပြန်မှု့ ဖြစ်ကြောင်း အက်မင်တို့ ဘက်မှ သေချာစုံစမ်းပြီးမှသာ ပို့စ်တွေအဖြစ် တင်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်ရှင့်။အက်မင်တို့ ပို့စ်အဖြစ် တင်ပေးခဲ့တဲ့ အထဲက မယားကြီး တစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ရေး ပြိုကွဲခါနီးတုန်းကကူပါကယ်ပါ သူ့ပို့စ်တွေ အမြန်တင်ပေးပါလို့ ခဏခဏ ပြောခဲ့ပေမဲ့ ပြန်လည် အဆင်ပြေလာချိန်မှာ သူဟိုတုန်းက သူခံစားရတာ ပေ့ခ်ျမှာ ဟိုးလေးတကျော် တင်မိလို့ဆိုပြီး နီးစပ်ရာတွေကို လျှောက်ပြောပြီးဟိုနာမည်ကြီး မင်သမီး မယားငယ် အားပေးအဖွဲ့နှင့် တပေါင်းတစည်းထဲ စည်းကပ်သွားတာ မြန်လွန်းလို့ အက်မင်တို့မှာ အံ့သြတကြီး နားမလည်နိုင်အောင် ဖြစ်မိတဲ့ အထိဖြစ်ခဲ့ပါတယ်ရှင့်။အမျိုးသမီး တစ်ယောက်နဲ့ နောက်အမျိုးသမီးတစ်ယောက် သူ့အိမ်ထောင်ဖက်ဖေါက်ပြန်တဲ့အခါအဖြစ်အပျက်ခြင်းမတူသလို၊ ဖြေရှင်းရပုံခြင်းလဲ မတူပါဘူး။ အဲ့ဒါဟာ အမျိုးသမီးတွေ နားလည် လက်ခံရမဲ့ အချက်ပါ။ဥပမာ အနေနဲ့ ပြောရရင် အမ မခင်လင်းလင်းဖြူသူ့ယောက်ကျားအကြောင်း သူ့ဝေါပေါ် ပို့စ်စမတင်ခင် (၁) နှစ်တိတိ ချိုသာ ပျော့ပျောင်းစွာဖုန်းနဲ့တမျိုး/စာနဲ့တသွယ် ကလေးစရိတ်ဘဲ ထောက်ဖို့ မယားငယ်နဲ့ ပျော်ပျော်ဘဲနေ မတားဘူးလို့ အဲ့ဒီ့ အမက စာရေးပို့ခဲ့တာတောင် ကလေးစရိတ် မပေးဘဲ ကိုယ်လွတ်ရုန်းပြေးသူမို့ အမက နောက်ဆုံး သည်းမခံနိုင်လွန်းလို့ သူတို့ဓါတ်ပုံတင် လူသိစေခဲ့တာဟာ အမ မခင်လင်းလင်းဖြူအနေနဲ့ ဒီနေ့အထိ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ဒါပေမဲ့ တခြားအမျိုးသမီးတွေဟာ သူတို့ယောက်ကျားနဲ့ သူတို့ သေချာ ညှိုနှုင်းပြောဆို ဆွေးနွေးခြင်းမရှိဘဲ စိတ်ခံစားမှု့ကို ရှေ့ရှူ့လို့ အရှက်ခွဲရရုံသက်သက် ဆိုရင်တော့ ၂ ဖက်စလုံး အကျိုးမရှိလို့ အဲ့ဒီ့လို ပေ့ခ်ျမှာ ဖေါ်ပြပေးဖို့ တောင်းဆိုချက်ဟာအဲ့ဒီ့အမျိုးသမီးအနေနဲ့ လုပ်ရပ်မှားပါတယ်။အဲ့ဒီလို အဖြစ်တွေရှိခဲ့လို့ နောက်နောင် အက်မင်တို့ပေ့ခ်ျမှာ ဖေါ်ပြပေးဖို့ တောင်းဆိုကြသူ မယားကြီးအမများ/ညီမများ အနဲဆုံး ဒီပေ့ခ်ျတွေမှာ မဖေါ်ပြသေးခင် မိမိစိတ်ကို မိမိတို့ သေချာပြန်ပြီး စမ်းစစ်ကြပါ။ ငါတို့ ဒီလို လူသိအောင် လုပ်ပြီးရင် ပေါ်ပေါက်လာမဲ့ နောက်ဆက်တွဲ အကျိုးအပြစ်တွေကို ခံနိုင်ရည်ရှိပါ့မလား၊ ရင်ဆိုင်နိုင်ပါ့မလား၊ အိုကေ အရာအားလုံးကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှ အက်မင်တို့ကို ပို့စ်တင်ဖို့ confirm လုပ်ပေးကြပါလို့အက်မင်တို့က မေတ္တာရပ်ခံအပ်ပါတယ်။အက်မင်တို့ဟာ ဒီလို မယားငယ်နှိမ်နင်းရေး ဖော်ထုတ်ရေး ပေ့ခ်ျတွေထောင်ခဲ့ကြတာဟာ နာမည်ကြီးဖို့ likes များဖို့ မဟုတ်ဘဲ အမျိုးသမီးတချို့နဲ့ ကလေးတွေဘ၀ကိုကယ်တင်လိုစိတ်ဖြင့်သာ စခဲ့သည် ဖြစ်ပါသဖြင့် အက်မင်တို့ရဲ့ ကူညီပေးလိုစိတ်ကို နားလည်စွာဖြင့် မိမိတို့ကိုယ့်ကိုယ်ကို အသေအချာ စမ်းစစ်ပေးကြဖို့ ထပ်လောင်း သတိပေး အသိပေးအပ်ပါသည်။Admin မတ်မတ်ကြီးAdmin Team

No comments:

Post a Comment