မယားငယ်တွေဟာလေ ဝဋ်ကြွေးရှိလို့သူများ မယားငယ် ဖြစ်ရတာပါ ပြောပြော ၊ ပိုက်ဆံမမက်ဘူး အချစ်သက်သက်ပါလို့ပဲ ပြောပြော မစင်စားပြောရင် မစင်ကြိုက်လို့ပါ။ သူတို့ပတ်သတ်တဲ့အိမ်ထောင်သည် ယောက်ျားတွေဆီက တစိုးတစိ မယူပဲ နေနိုင်ခဲ့လို့လား။မယားကြီးနဲ့ သားသမီးတွေ ရသင့်တဲ့ အချိန်တွေကို ဖဲ့ယူသွားတာကလဲ ငွေကို ချူသလို အချိန်ကိုပါ ချူယူတာပဲ မို့လား။ ယောကျာ်းတွေ ဘက်ကလဲ စထဲက မကြိုက်ရင် အိမ်က ပေးစားလဲ မယူနဲ့ အဲ ယူပြီးရင် သမီးချင်း နှမချင်းစာနာ မဖောက်ပြန်နဲ့ပေါ့။မယားကြီးဆိုတာမျိုးကလဲ ကိုယ်ပြန်မသိလိုက်တဲ့ အသေးအမွှားမီးတောက် ( ကေတီဗွီ ၊ မာဆတ် သွားတာ) လောက်ကို ဖြေသိမ့်ခွင့်လွှတ်နိုင်ပေမယ့် ကေတီဗွီ ၊ မာဆတ်ကဟာတွေနဲ့ နွယ်လာရင်တောင် တန်းမတူလဲ ဓားဆွဲ ဖြေရှင်းချင်တာမျိုးပါ ( ပညာတတ်မို့ စိတ်ထိန်းထားတာကတစ်ပိုင်းပေါ့လေ)။အဲဒီ့အဆင့်ထက် ဆိုးပြီး ငယ်ငယ်ဇာတ် ခင်းမယ်ဆိုရင်တော့ မယားကြီးရင်ထဲ ဘယ်လောက် နာကျင်နေမလဲ ၊ ငါ ဘာများမှားပါလိမ့်ဆိုပြီး စိတ်ဓာတ်ကျ ၊ စိတ်တိုနေတော့ ခင်ပွန်းသည်ကို ပိုရစ်မယ် ၊ ဟိုကလဲ ဒါကို အကြောင်းပြ အပြင်ထွက် အပန်းဖြေတော့မယ်။ဒီတော့ ယောကျာ်းတွေ သိထားရမှာက အသက် ၃၀ ၊ ၄၀ ဆိုတာ တချိန်က အသက် ၂၀ မိန်းမလှလေးတွေပါပဲ။သူတို့ရဲ့ နုပျိုလန်းဆန်းတဲ့ အချိန်တွေကို ချစ်သူဘဝ ၊ အိမ်ထောင်သည်ဘဝအနေနဲ့ ယောကျာ်းဖြစ်သူကို ပေးဆပ်လာကြရှာတာပါ။တခြားနေရာမှာ ပျော်စရာ ရှာမယ့်အစား ကိုယ်လိုချင်တဲ့ပုံစံကို မယားကို သေချာပြော ၊ မယားငယ် ပေးမယ့် မုန့်ဖိုးဟာ ကိုယ့်မိန်းမ အလှပြင်စရိတ် ဖြစ်ပါစေ။ ယောကျာ်းတွေ သိထားသင့်တာကမယားငယ်ဟာ ငယ်မယား မဟုတ်ပါဘူး။ ခြေသုတ်ပုဝါကို ရွှေကွပ်ပြီး ပွဲတက်ပုဝါက ညှိုးနွမ်းနေခဲ့ရင် ပတ်ဝန်းကျင်က အထင်မကြီးတတ်ပါဘူး။
အက်မင် ပေါက်ကျော်
No comments:
Post a Comment