Total Pageviews

Sunday, 26 July 2015



မယားကြီးနဲ့ သမီးလေးကို ပြစ်ပြီး သူများ မယား ငယ်ချစ်ဦးကို ကြာခိုလို့ အိမ်ပေါ်ကဆင်းတဲ့ညက ခြေသလုံးဖက် တောင်းပန်ခဲ့တဲ့မိန်းမကို တချက်မှ လှည့်မကြည့်၊ အမေနဲ့အဖေ အရိပ်အခြေကို သိနေတဲ့ သမီးငယ်လေးက သူ့အဖေထွက်မဲ့ တံခါးဝမှာ လက် ၂ ဖက်ဆန့်တန်းပြီး" ဖေဖေ ဖေဖေ မီးမီးတို့နဲ့ဘဲအတူတူနေပါနော်" လို့ ပြောပြီး လမ်းပိတ်ထားတဲ့ သမီးလေးကို တွန်းဖယ်လို့ အိမ်ပေါ်ကဆင်းပြီး ဟိုဘက်က လင်ကြီးနဲ့မိန်းမကို ယူဖို့အဆင်သင့် စောင့်နေပါတယ်ဆိုတဲ့ ဖေါက်ပြန်သူ ယောက်ကျားရဲ့ မယားကြီး အမရဲ့ နှလုံးသွေးနဲ့ ရေးတဲ့စာ...........Comment by ဇင်မိသားစုကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ပြောတဲ့အမရှင့်၊ခုလည်း ခေါင်းမရွေ့ပါဘူးအမရယ် ခုကစရိတ်တောင်းတာပါ၊ပြောလို့ရပါတယ် မသထာရေစာ ဘာလို့တောင်းလည်းလို့၊မတောင်းချင်ဘူးဗျ တကယ်ပါ ယုံကြပါ့မလားမသိဘူး။မိဘလက်ထက်မှာ ကြက်သွန် (၁၀) လုံး မနွာဘူးတဲ့ ကျွန်မ ဟင်းချက်ရောင်းဘူးတယ်။သူများခုတ်ပီးသား ချက်ပြုတ်ပြီးသား အဆင်သင့် စားခဲ့တဲ့ကျွန်မငါးခြောက်တုံးပြီး ရောင်းခဲ့ဘူးတယ်ဗျ၊သင်္ဘောသား ကတော် ဖြစ်ခဲ့ဖူးပေမဲ့အခုတော့ လမ်းဘေးမှာ ဈေးရောင်းစားရမဲ့ အခြေအနေပါ။ ဒါလည်းလုပ်မှာပါဘဲ၊ သမ္ပာအာဇီဝ ကျမဲ့အရာမှန်သမျှ မရှက်ပါဘူး၊ ရှက်စရာမဟုတ်ပါဘူး၊ လုပ်ပါတယ်။ဒီထဲကညီမတစ်ယောက်ပြောသလိုပေါ့၊အမေလေ မိခင်ဆိုတာ ကိုယ်သာလျှင် အငတ်ခံချင်တာပါ။ကိုယ့်သားသမီးတော့ အကောင်းဆုံး ပေးချင်တယ်ဗျ၊ ကိုယ့်ကလေးလိုတာငြင်းနေရတဲ့ရင်ထဲ ၀င်ကြည့်နိုင်ကြမလားဟင် အရမ်းရင်နာတယ်။တစ်ခါငြင်း နှစ်ခါငြင်းလာ ကြာလာတော့ ခလေးစိတ် အလိုမကျ နိုင်ပါဘူး။ ဒါတွေကို မခံစားနိုင်တော့လို့၊ မာနကိုခဝါချပြီးရသင့်ရထိုက်တဲ့အခွင့်အရေးတောင်းတာပါ ဒါကို ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုတဲ့ အမတယောက်ရဲ့စကားက ဘာအဓိပ္ပါယ်လည်း မသိလို့ပါ။ မရွေ့ပါဘူးအမ လွန်ခဲ့တဲ့ အနှစ် (၂၀)က ငယ်ရည်းစား ပြန်တွေ့တာ သမီးလည်းမတတ်နိုင်ပါဘူး သူစိတ်နဲ့ဘဲဆိုင်သလို သူ့အကျင့်နဲ့ဘဲ ဆိုင်ပါတယ်။ သေချာတာတော့ သမီးမှတ်ကျောက်တင်ခံနိုင်ပါတယ်၊မိန်းမကောင်းဆိုတာထက် ရည်းစားတောင် သူအတင်းလိုက်ကြိုက်ခဲ့လို့ ရှက်ပြီးထားဘူးတာဗျ။(ကလေးအမေ မဇင်မာရဲ့ ကွန်မန့်ကို နှလုံးသားနဲ့ရင်းပြီး တစ်ကြောင်းစီ edit လုပ်ရင်း စာပြင်ပေးခဲ့ပါတယ်၊ စာပြင်နေရင်း မိန်းမကောင်းတွေမိခင်ကောင်းတွေ ကိုယ်စား အသဲပေါက်အောင် မခံချင်စိတ် ဖြစ်မိပါ၏။)Post by Admin မတ်မတ်ကြီး

No comments:

Post a Comment