Total Pageviews

Sunday, 26 July 2015

ဦးရွှေဇင် (၇/ညလပ(နိုင်) ၀၉၄၁၈၆) သိစေရန်။



ဦးရွှေဇင် (၇/ညလပ(နိုင်) ၀၉၄၁၈၆) သိစေရန်။
••••••••••••••••••••••••••••••••••••••••
ကျွန်မ ဒေါ်ခင်လင်းလင်းဖြူနှင့် ဦးရွှေဇင်သည် (၅/၅/၁၉၉၅) ခုနှစ်၊ ရန်ကုန်မြို့ High Court ရှိ တိုင်းတရားသူကြီးရှေ့မှောက်တွင် Register လုပ် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြပြီး (၂၀၀၂) ခုနှစ်တွင် သားတစ်ယောက် မွေးဖွားခဲ့ပါသည်။ (၂၀၁၂) ခုနှစ်တွင် မိမိဇနီး မသိအောင် တိတ်တိတ်ပုန်း မယားငယ် ရွှေဇင်စိုး(လက်ရှိလင်ကြီးနှင့် ကလေး ၂ ယောက်အမေ) ရွှေဇင်စိုးနှင့် စင်္ကာပူနိုင်ငံတွင် ဖေါက်ပြန်ခဲ့ပါသည်(သက်သေ အထောက်အထား အနေဖြင့် စာ၊ အီးမေးလ်၊ ချက်လစ်၊ ဓါတ်ပုံများနှင့် သူတို့ ၂ ဦးတိတ်တဆိတ် သွားရောက်နေထိုင်ခဲ့သည့် အခန်းလိပ်စာများပါ အကုန်ရှိပါသည်။)
၂၀၁၃ တွင် ဒေါ်ခင်လင်းလင်းဖြူမှ စင်္ကာပူနိုင်ငံ Family Court တွင် အိမ်ထောင်ရှင်လင်ယောက်ကျား အနေဖြင့် မိမိကလေးနှင့် မိန်းမကို ထောက်ပံ့ဖို့ ၀တ္တရားပျက်ကွက်မှု့ဖြင့် တရားစွဲဆိုခဲ့ပြီး Family Court မှ 7 January 2013 နေ့မှာ တရားရုံးအမိန့် Order အဖြစ် မိမိသားနှင့် ဇနီးဖြစ်သူကို တစ်လလျှင် စင်္ကာပူဒေါ်လာ (၁၂၀၀) ပေးရမည်ဟု့ အမိန့်ချခဲ့ပါသည်။ ထိုအမိန့်ကို လွန်ဆန်ပြီး ၀ရမ်းနဲ့ အဖမ်းခံထားရတဲ့ မယားငယ် ရွှေဇင်စိုးကို မြန်မာပြည်ပြန် အာမခံနဲ့ထုတ်သွားပြီး တိမ်းရှောင်နေပါသဖြင့် ကျွန်မ ဒေါ်ခင်လင်းလင်းဖြူမှ ဖေ့စ်ဘုတ်ပေါ်တင်ပြီး လူသိစေခဲ့ပါသည်။ 
လွန်ခဲ့တဲ့ နှစ် (၂၀၁၄) မှာ မြန်မာပြည်က စင်္ကာပူကို အဖမ်းခံဖို့ ပြန်ဝင်လာပြီး မိန်းမနှင့် ကလေးဖြစ်သူကို အချိုသပ်ကာ " မေသက်ဟန်" ဖေ့စ်ဘုတ် အကောင့်ပိုင်ရှင် Heidi Han ဟု့ခေါ်သော အမျိုးသမီးကို ဒါရိုက်တာ နေရာထားပြီး ဦးရွှေဇင်က Managing Director အနေဖြင့် Diamond Arrow Pte Ltd ကို စင်္ကာပူမှာ ထပ်မံလာရောက် ဖွင့်လှစ်ပြီး ကလေးစရိတ် တစ်လစာဘဲ ပေးကာ မြန်မာပြည်ကို ခိုးကြောင်ခိုးဝှက် ပြန်ပြေးသွားပါသည်။ (ကုမ္ပဏီ နှင့် ပတ်သက်သည့် စာရွတ်စာတမ်းများ အားလုံး ကျွန်မ ဒေါ်ခင်လင်းလင်းဖြူ လက်ထဲမှာပါ။) 
ယနေ့အထိ ဦးရွှေဇင်ဟာ ကလေးစရိတ် ၂ နှစ်ခွဲစာ
ထောက်ပံ့ဖို့ ပျက်ကွက်ငွေ စင်္ကာပူဒေါ်လာ ၂ သောင်းကျော်ကြောင့် စင်္ကာပူရဲမှာ ၀ရမ်းထုတ်ခံထားရသူ ဖြစ်ပါသည်။ ယနေ့အထိ တရားဥပဒေကို မလိမ့်တပတ်လုပ်ကာ ပုန်းရှောင် နေတုန်း ဖြစ်နေပါသဖြင့်......
၁) ဦးရွှေဇင် စင်္ကာပူနိုင်ငံ၌ Managing Director အနေဖြင့် ထောင်ထားသော Amazing Power Pte Ltd/ Amazing Cool Pte Ltd/ Diamond Arrow Pte Ltd) စသည့် ကုမ္ပဏီ ၃ ခုကို ဥပဒေကြောင်းအရ စင်္ကာပူနိုင်ငံရှိ Family Court တွင် တရားစွဲပြီး စတင်ပိတ်သိမ်းပါတော့မည် ဖြစ်သည့်အပြင်၊
၂) မြန်မာပြည်တွင် လွှတ်တော်က မကြာသေးခင်မှ အတည်ပြုခဲ့သည့် တစ်လင်တစ်မယား ဥပဒေအတိုင်း သူများလင်ကို လုယူ မယားငယ်ခံပြီး ငါဟာ မယားပြိုင်ပါလို့ ကြွေးကြော်နေတဲ့ မယားငယ် ရွှေဇင်စိုး ကိုရော မယားကြီးနဲ့ မကွာရှင်းရသေးဘဲ နောက်မယား ထပ်ယူတဲ့ ဦးရွှေဇင်ကိုရော ကျွန်မ မြန်မာပြည် ပြန်လာပြီး တရားစွဲဆိုမည် ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။
(မှတ်ချက်။ ။ ရွှေဇင်စိုးဆိုတဲ့ မယားငယ်မရေ နင်အင်မတန် မက်မောတဲ့ ငါ့ယောက်ကျားကို အပြီးယူပါ။ ဒီလို လူစိတ်မဲ့တဲ့ လူတန်းစားမျိုးကို ငါနဲ့ငါ့သား ဘ၀အတွက် မလိုအပ်တော့ဘူး ငါလိုချင်တာ ငါ့ကလေးအတွက် ဖအေတစ်ယောက် အနေနဲ့ တာဝန်ယူမှု့ဘဲ။ အဲ့ဒါ မရမချင်း နင်တို့ဘ၀လဲ ငြိမ်းချမ်းမယ် မထင်နဲ့တော့။ ငါ့သား မျက်နှာက အပြုံးတွေ မပျောက်ဖို့ ငါ့ဘ၀နဲ့ရင်းပြီး တိုက်ပြီနော်။တိုက်ပွဲ အစစ်က အခုမှ စတာပါ။)
By. ခင်လင်းလင်းဖြူ

No comments:

Post a Comment