Total Pageviews

Thursday, 9 April 2015

သူတပါးအိမ်ထောင်ရေးကို ဖျက်စီးပြီး သူများလင်ကိုလုယူချင်တဲ့ မယားငယ်ခံစားနေရတဲ့ဆင်းရဲသောကမီး၊ ဒုက္ခဝဋ်ဆင်းရဲတို့ကို မိန်းမအပေါင်းတို့ သင်ခန်းစာယူစေနိုင်ဖို့

အက်မင်တို့ အခုဖော်ပြမယ့်အကြောင်းက မယားငယ်မော်ဖူးမောင်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကိုပါပဲ။ အက်မင်တို့ သူ့အကြောင်းကို ဘာကြောင့် ခဏခဏရေးရလည်းဆိုတာ အကြောင်းရှိပါတယ်။ အက်မင်တို့ ပေ့ခ်ျကို လာရောက်တိုင်ပင်ကြတဲ့ မယားငယ်ပေါင်းများစွာတို့ရဲ့ အကြောင်းကို လက်ခံရရှိပေမယ့် မတင်ဖြစ်သေးတဲ့ အချက်များစွာရှိပါတယ်။ အဓိကကတော့ မယားငယ်ဖြစ်ကြောင်း အထောက်အထားတွေပါပဲ။ လိုအပ်ချက်တွေကို ချက်ဘောက်ထဲမှာ အားလုံးကိုပြောပြပြီးသားပါ။ မော်ဖူးမောင်အကြောင်းကတော့ မယားငယ်ဖြစ်ကြောင်း သက်သေအထောက်အထား တကူးတကရှာစရာမလိုအောင် သူ့ပေါင်သူလှန်ထောင်း သူ့အထုပ်သူဖြည်ပြီး မယားငယ်ဖြစ်ကြောင်း သူကိုယ်တိုင်ဖော်ထုတ်နေတာ လူအများသိပြီးသားကိစ္စဖြစ်တာရယ်၊ သူ့အမှားကို အခုအချိန်အထိ မှန်တယ်လို့လက်ကိုင်စွဲထားရင်း သူခံစားနေရတဲ့ဆင်းရဲသောကမီး၊ ဒုက္ခဝဋ်ဆင်းရဲတို့ကို မိန်းမအပေါင်းတို့ သင်ခန်းစာယူစေနိုင်ဖို့ဆိုတဲ့ အဓိကရည်ရွယ်ချက်ကြောင့် သူ့အကြောင်းကို မကြာခဏ ရေးမှာဖြစ်ပါတယ်။ အက်မင်တို့မှာချင်ပါတယ် သူတပါးအိမ်ထောင်ရေးကို ဖျက်စီးပြီး သူများလင်ကိုလုယူချင်တဲ့ မိန်းကလေးတို့ မော်ဖူးမောင် အဖြစ်ကို များများသင်ခန်းစာယူကြပါ။ အက်မင်တို့ရေးထားတဲ့ သူ့အကြောင်းတွေ ရှာဖတ်ကြပါ။ မယားငယ်ဖြစ်ချင်စိတ်ကုန်ပါလိမ့်မယ်။ သူဟာမိန်းမချင်းကိုယ်ချင်းမစာ၊သူများမျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်ခဲ့တဲ့ဝဋ်ဆင်းရဲကိုဒီဘဝမှာတင်တန်ပြန်ခံစားနေရသူပါ။မယားငယ်တစ်ယောက်ရဲ့ သားသမီးတွေရဲ့ ဘဝရှေ့ရေးကလည်း စိတ်ပူစရာကောင်းပါတယ်။ မယားငယ်ဖြစ်ရေး ကြိုးပမ်းနေကြသူမိန်းကလေးများတို့လည်း သူများလင်ကိုလုရင် မော်ဖူးမောင်လို လင်မဲ့ဘဝနဲ့ အဖေမဲ့သားလေးကိုပိုက်ပြီး လူတကာကဲ့ရဲ့ လူတောမတိုးတဲ့ဘဝနဲ ကြင်နာမယ့် အားကိုးရမယ့်ယောကျာ်း အနားမှာမရှိပဲ ဘဝကိုခြောက်ကပ်စွာ နာကျင်စွာဖြတ်သန်းရမယ်ဆိုတာ သတိပြုကြစေလိုပါတယ်။
..........................................................................
မော်ဖူးမောင်ရေ ဆယ်ကျော်သက်အရွယ်ကတည်းက ပိုင်ဆိုင်ချင်လို့ အကြိမ်ကြိမ်ခိုးယူခဲ့ပြီး ၁၅နှစ်ကျော်ပေါင်းသင်းလာတဲ့ မိန်းမကို မချစ်ဘူးလို့မင်းကပြောရင်၊ မင်းလို မနေ့တနေ့ကပဲတွေ့၊ အလွယ်တကူရပြီး သုံးနှစ်လောက်ပဲတွဲခဲ့တဲ့ မိန်းမကိုဆိုပိုမဆိုးဘူးလား။ သူ့လုပ်ငန်းအရ ဒီမိန်းမကို အောင့်ပြီးပေါင်းနေရတယ်ဆိုရင် မင်းနဲ့မတွေ့ခင် ၁၃နှစ်တုန်းကရော? ယောကျာ်းတစ်ယောက်က မေတ္တာမရှိပဲ မိန်းမတစ်ယောက်ကို ရိုးအီနေအောင်မပေါင်းကြဘူး။ မင်းနဲ့တွဲရင်သူ့ကိုလုပ်ငန်းပါတနာတွေကကျဉ်ကြမယ်ဆိုကတည်းက မင်းဟာ တန်ဖိုးမရှိတဲ့မိန်းမဆိုတာနားလည်တော့နော်။ လူတောထဲ ခေါ်မသွားရဲလောက်အောင် အကျင့်သိက္ခာမဲ့နေတဲ့ မိန်းမတစ်ယောက်ကိုဘယ်ယောကျာ်းမှ ကြာကြာတွဲချင်မှာမဟုတ်ဘူး။ မင်းသူတို့ အိမ်ထောင်ရေးကို ပျက်စီးဖို့ အမျိုးမျိုးကြိုးစားခဲ့တယ်။ အဆိုးဆုံးက မယားကြီးကလေးကိုကျိန်ခိုင်းပြီးသူ့မိသားစုကမုန်းအောင်ကန်ထုတ်အောင်လုပ်ခဲ့တဲ့အပြင် ကလေးတယောက်ကို မရရအောင်ယူခဲ့တယ်။ဒီယောကျာ်းကိုတရားဝင်ယူထားတာလည်းမဟုတ်ပဲ ကလေးနဲ့ချည်မယ်လို့ ကြံစည်ခဲ့တယ်။ အခုတော့ မင်းဆုတောင်းမပြည့်တဲ့အပြင် မယားကြီးကခွင့်လွှတ်တော့ အရူးတပိုင်းနဲ့အဖေခေါ်စရာမရှိတဲ့ ကလေးရခဲ့တာပဲ အဖတ်တင်တယ်မှတ်လား။ ဝဋ်ဆိုတာ မသေခင်လည်တတ်တာကို ကိုယ်တိုင်ခံစားနေရပါလျက်နဲ့ မသိကျိုးကျွန်ပြုပြီး ဆက်မိုက်နေရင် ဒီ့ထက်ဆိုးတဲ့ ဒုက္ခနဲ့ပဲရင်ဆိုင်ရလိမ့်မယ်။ မင်းဟာ.ယောကျာ်းတကာနဲ့ ရှုပ်တတ်တဲ့မိန်းကလေးမို့ ကလေးကို ဟိုက အသိအမှတ်မပြုဘူးဆိုတာ လူတိုင်းသိနေပြီ။ သူ့ကလေးမဟုတ်ဘူးလို့ငြင်းတယ်ဆိုတာကိုလည်း မင်းကိုယ်တိုင်ပြောနေပြီနော်။အဲ့ဒါ တစ်ချိန်က မယားကြီးကို အောင်ပွဲခံပြီး ဟားတိုက်ခဲ့တဲ့ ဝဋ်ကြွေးကို မင်းပြန်ဆပ်နေရတာ။ သူများကိုဘုန်းကြီးဝတ်တာနဲ့ အပြစ်မဆေးကြောနိုင်ဘူးလို့ထင်ရင်၊အဓိဌာန်တွေ တရားစခန်းတွေဝင်ပြီး သူများမိသားစုကို မျက်ရည်ကျအောင်၊ ပြိုကွဲအောင်ကြံစည်နေတာတွေက မင်းကိုအခုဆိုရင် ကိုယ့်ကြောင့်သူများခံစားရတဲ့ဒုက္ခရဲ့ ထပ်တူထပ်မျှမက တန်ပြန်ဒုက္ခဆိုးကျိုးတွေပေးနေတာလို့ပဲ မှတ်လိုက်တော့ မယားငယ်မလေးရေ။

No comments:

Post a Comment