Alikyaw kyaw (ခေါ်) မော်ဖူးမောင်ရေ
မင်းဟာ သူများကာမပိုင်လင်ကို လိုချင်လွန်းအားကြီးလို့ နည်းပေါင်းစုံသုံးခဲ့လည်း ဟိုကသူ့မိသားစုဆီပြန်သွားခဲ့ပြီ။ အစကတည်းက သူများလင်မှန်းသိသိကြီးနဲ့ အတင်းဝင်ပတ်သက်ခဲ့တဲ့ ကိုယ့်အပြစ်ကို နောင်တမရနိုင်သေးပဲ ဘာမှအပြစ်မရှိတဲ့ အရွယ်တောင်မရောက်သေးတဲ့ မယားကြီးရဲ့ သမီးငယ်လေးကို အမျိုးမျိုး ကျိန်ဆဲရတာ အားမရတဲ့အပြင် အခု အဖေနဲ့သမီးကို ပေးစားပြန်ပြီ။ အရင်ကလည်း အဖိုးနဲ့မြေးကိုပေးစားခဲ့သေးတယ်။တစ်ချိန်လုံး ဒီသမီးလေးကိုပဲ ဘာလို့ဦးတည်ပြီး တိုက်ခိုက်နေလည်းဆိုတာ ငါတို့သဘောပေါက်သွားပြီ။ သမီးလေးတွေဆိုတာ အဖေတွေရဲ့ အသည်းစွဲလေးတွေဆိုတာမင်းသိနေလို့၊ မင်းမရလိုက်တဲ့ သူ့အဖေရဲ့အချစ်အတွက် သူ့သမီးကို မင်းနဲ့ အရွယ်ချင်းမမျှသော်လည်း မနာလိုစိတ်တွေ မဖုံးနိုင်မဖိနိုင်ဖြစ်နေတာ။ တစ်ခုတော့မှတ်ထားလိုက် မယားကြီးသားသမီးတွေဆိုတာ ဘယ်နေရာမဆို မျက်နှာပွင့်တယ်။ မယားကြီးက မကေခိုင်ဦးလို မိခင်ကောင်း မိန်းမကောင်းဆိုရင် ပိုလေးစားကြတယ်။ အဲ့တာကို မင်းက မသိပဲ ငါအရှက်ခွဲရင် သူ့သမီးကိုယူမဲ့လင်ရှိမှာမဟုတ်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အတင်းလိုက်ယုတ်မာနေလည်း တကယ်တမ်း အရှက်ကွဲပြီး ကျောင်းမှာ သူများကိုယုတ်မာတဲ့ မယားငယ်မသားဆိုပြီး မေးငေါ့ ကဲ့ရဲ့ခံရမှာ မင်းသားပဲဖြစ်မှာ။ မင်းရဲ့ အကျင့်ဆိုးလုပ်ရပ်တွေကသာ မင်းသားလေး အနာဂတ်ကို အရိပ်ဆိုးလိုခြောက်လှန့်နေမယ်ဆိုတာကို မယုံရင် နောင်တမရပဲ ဆက်မိုက်နေပါတော့။
No comments:
Post a Comment