အိမ်ထောင်ရေးဖေါက်ပြန်ခံရလို့ သစ္စ္စာဖေါက်ခံရလို့ နောက်ကျောဓါးနဲ့ထိုးခံရလို့ စိတ်နှလုံးတွေညှိုးချုံးပြီး ယုံကြည်မှု့တွေပြိုလဲလို့ အိမ်ထောင်တွေပြိုကွဲကြတဲ့အခါ အမျိုးသမီးတချို့ဟာ မခံချင်စိတ်နဲ့ ပိုမာကြောလာကြတယ် ပိုအောင်မြင်လာကြတယ် အရည်အသွေးတွေပိုတောက်ပလာကြတယ်။ လူတစ်ဦးနဲ့တစ်ဦး မွေးရာပါ ဗီဇသန္ဓေမတူညီ ကွဲပြားကြတာကြောင့် တချို့အမျိုးသမီးအချို့ဟာ စိတ်ဓါတ်တွေ ပြိုလဲပြီး စိတ်နှလုံးကြေကွဲလို့ အိပ်ယာထဲဗုံးဗုံးလဲ လူ့ဘ၀ကိုအရှုံးပေးချင်စိတ်တွေဝင် စိတ်ကျရောဂါဆန်ဆန်ဖြစ်တတ်လာကြတယ်။ အမျိုးသမီးတို့ရေ အဲ့ဒီလိုမိန်းကလေးမျိုးတွေ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ကြုံခဲ့ရင် အပြစ်မတင်လိုက်ကြပါနဲ့ နင်တို့ဒီလောက်တောင် အသဲမမာနိုင်ဘူးလား နင့်ကိုဒီလောက်ရက်ရက်စက်စက် လုပ်ခဲ့တာတောင် မနာဘူးလို့ ဂရုဏာဒေါသောနဲ့ မပြောဆိုလိုက်ကြပါနဲ့ ယုံကြည်မှု့ပြိုပျက်နေသူကို မေတ္တာလက်လေးကမ်းပြီး အားပေးနှစ်သိမ့်ပေးလိုက်ကြပါနော် သူ့ရင်ထဲကခံစားနေရတဲ့ ရင်ဖွင့်ချင်နေတဲ့ အကြောင်းအရာတချို့ကို နားထောင်ပေးလိုက်ကြပါနော်။ စိတ်အားငယ်နေသူဟာ သူ့ဘေးနားမှာ သူ့ကိုတကယ်ချစ်ခင်သူတွေ ဒီလောကမှာ ရှိပါသေးလားဆိုပြီး ပြန်လည်အားတက်ပြီး လောကဓံကိုကြံ့ကြံ့ခံလို့ သူ့ကလေးလေးတွေအတွက် အမေကောင်းပြန်ဖြစ်လာပါလိမ့်မယ်နော်။ စိတ်မာသူက စိတ်ပျော့သူကို ငါ့လိုမလုပ်နိုင်သေးပါဘူးကွာလို့ အထင်တသေးနဲ့ မပြောဆိုလိုက်ကြပါနဲ့နော်။ အမှန်တော့ အားလုံးဟာဘ၀တူမိန်းမသားတွေမို့ ကိုယ်ချင်းစာစိတ်လေးနဲ့ ဖေးမကြပါလို့ ဒီအက်မင်အဖွဲ့မှ တိုက်တွန်းပါရစေနော်။ အားလုံးသော အမျိုးသမီးတို့ မိမိဘ၀ကို လှပအောင် ကိုယ်တိုင်တည်ဆောက်နိုင်ကြပါစေ။
Admin Team
No comments:
Post a Comment