Total Pageviews

Friday, 20 March 2015

မယားငယ်ဖြစ်နေသော အမျိုးသမီးအများစု၏စိတ်ထား

မယားငယ်ဖြစ်နေသော အမျိုးသမီးအများစု၏စိတ်ထား
----------------------------------------------------------
၁။ အပြိုင်အဆိုင် စိတ်ဓါတ်အမြဲရှိတယ်၊ မိမိဘ၀လမ်းကို ကောင်းကောင်းလျှောက်ဖို့ထက် သူများဘ၀နဲ့ ကိုယ့်ဘ၀အမြဲယှဉ်ပြီးတွေးတယ်။ 
၂။ ၀မရှိဘဲ ဝိလုပ်ချင်စိတ်ရှိကြတယ်။
၃။ ပျော်ချင်ပါးချင် မော်ချင်ကြွားချင်ကြတယ်၊ ကြွားရတာကို အင်မတန်ခုံမင် နှစ်သက်ကြတယ်။
၎။ ဘွဲ့တွေသာတန်းစီရခဲ့ပြီး အသိပညာ ဦးနှောက်ထဲ နှလုံးသားထဲထိ မ၀င်ရောက်ခဲ့ကြဘူး။
၅။ ဘာသာရေးအသိ အင်မတန်အားနဲကြတယ်။
၆။ မိခင်ကောင်းနဲ့ မတွေ့ကြုံခဲ့ရဘူး (သို့မဟုတ်)
လက်ဦးဆရာတို့ ဆုံးမသွန်သင်မှု့နဲကြတယ်။
၇။ အဲ့ဒီ မိန်းကလေးအများစု ကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းဟာ တံလျှပ်ကိုရေထင်နေတဲ့ အသိုင်းအဝိုင်းဘဲ ဖြစ်နေတတ်တယ်။
၈။ မိမိကိုယ်ပိုင် ပညာ၊အသိဥာဏ်၊ အကျင့်သီလထက် အပေါ်ယံအရေပြား တစ်ထောက်ကိုပိုအလေးသာပြီး မိမိခန္တာကိုယ် ရုပ်ရည်ကို လှသထက်လှအောင် ကြိုးစားပြီး ဆန့်ကျင်ဘက်လိင်တွေရဲ့ တက်မက်တဲ့ အကြည့်ကို သာယာကြတယ်။
၉။ ကိုယ့်ခွန်ကိုယ့်အားနဲ့ ရှာစားရတဲ့ ဖြူစင်တဲ့ ငွေကြေးထက် အမေပေးတဲ့လယ်တကွက်ကိုရင်းပြီး ရင်ထဲကမပါတဲ့ ပလီပလာတွေနဲ့ သူများဘ၀ဖျက် သူများမျက်ရည်နဲ့ တည်ဆောက်ပြီးရလာတဲ့ ဗုံးဘောလအောသော ငွေကြေးတို့ကို ပိုတပ်မက်တယ်။
၁၀။ သူတပါးရှုံ့ချတဲ့ အကြည့်တွေနဲ့ အကြည့်ခံရတာကို အမိုက်ဖုံးနေတဲ့ အတွေးက ကြည့်စမ်း ငါဟာမိန်းမချင်းအတူတူတောင် ငါကသာလို့ ငါ့ပစ္စ္စည်း ငါ့အပြုံး ငါ့ကိုယ်လုံးမှ တပ်မက်လွန်းလို့ ဟိုဟာမလင်ကြီးက ငါ့ခြေထောက်အောက်မှာတော့ဆိုပြီး အပြိုင်အဆိုင်စိတ်နဲ့ လူမသိသိအောင် တောင် ကြွားလုံးထုတ်လိုက်သေးတယ်။ 
အထက်ဖေါ်ပြပါ (၁၀) ချက်မှာ အတော်များများတူနေရင်တော့ အဲ့ဒါ မယားငယ်တွေနဲ့ မယားငယ် အလောင်းအလျာလေးတွေပါဘဲ။
မှတ်ချက်။ ။ ကျားငစဉ်းလဲတို့ကြောင့် ဘ၀ပျက်ကြရတဲ့ အမျိုးကောင်းသမီးများမပါ။ အမှားကို တစ်ကြိမ်ဘဲ အမှားခံပြီး အမှန်ပြင်နိုင်ကြတဲ့ မိန်းမကောင်းများမပါပါ။
Admin Team

No comments:

Post a Comment