မယားငယ်ထားတဲ့ ယောက်ကျားတိုင်းပြောနေုကြစကားနဲ့ သုံးနေကြဆင်ခြေများ....
အိမ်ကမိန်းမက အိမ်ပြန်လာတိုင်း စိတ်ညစ်စရာတွေ ပြောနေပြီး စိတ်ချမ်းသာအောင် မထားလို့။ ကလေးမွေးပြီး ၀လာပြီး ပုံပျက်သွားလို့။ ချိုချိုသာသာ မပြောတတ်တော့လို့၊ ကလေးကိုဘဲ ဂရုစိုက်ပြီး ယောက်ကျားကို ဂရုမစိုက်တော့လို့၊ ပစိပစပ်များလို့။ ကိုယ်ကကြီးဘဲ ရှာကျွေးရလို့၊ မယားကြီးကြောင့် အိမ်မှာ မပျော်တော့လို့ အသစ်ရှာမိတာပါ။ သူအသုံးမကျလို့ နောက်အိမ်ထောင် ထူထောင်မိတာ။
မယားကြီးတစ်ယောက်၏ ဖြေရှင်းချက်။
မိန်းမတစ်ယောက်က ယောက်ကျားကို အပျိုတုန်းကလို တီတီတာတာချစ်ပြစေချင်ရင်၊ အပျိုလေးလို ကိုယ်လုံးအလှလေး မပျက်စေချင်ရင် မိန်းမကို ကလေးတစ်ယောက် မွေးတိုင်း အိမ်ဖေါ်တစ်ယောက် ငှါးပေး အပျိုတုန်းက သူ့မိဘလက်ထက်မှာ သူနေခဲ့သလို မီးဖိုချောင်လုံးဝမ၀င်ခိုင်းဘဲ ကြော့နေအောင် အပျိုစိတ်လေးဖြစ်နေအောင် ဘ၀မှာကြုံရမဲ့ လောကဓံတွေကို ကိုယ်တစ်ယောက်ထဲ ကြုံးရုန်း ရင်ဆိုင်လိုက်ပြီး စည်းစိမ်အပြည့် လင့်ဝတ္တရား အတိုင်း ထားပေးလိုက်စမ်းပါ။ အဲ့မိန်းမ နုရွအောင်နေပြီး တချိန်လုံး ချစ်ပြပါလိမ့်မယ် အဲ့လိုလဲ မထားနိုင်ဘဲ မိန်းမယူ ကိုယ်နဲ့အတူရုန်းခိုင်း လောကဓံကိုလဲ အတ္ဂူဘဲ ခံခိုင်းပြီးရင်တော့ ကိုယ့်ဘက်ကလဲ အပြည့်တာဝန်ယူတဲ့အနေနဲ့ သူတို့မိဘလက်ထက်ကထက်သာအောင် တိုက်တစ်လုံး၊ကားတစ်စီးနဲ့ စည်းစိမ်အပြည့် မထားနိုင်ဘဲ ယောက်ကျားရှာနိုင်သလောက် လောက်ငအောင်ဘဲ ခြိုးခြုံသုံးနော်ဆိုရင်တော့ ကိုယ့်လှစ်ဟင်းမှု့ကို ဖါထေးနားလည်ပြီး လင်သားနဲ့ အေးအတူ၊ ပူအမျှ ရုန်းကန်နေတဲ့ မိန်းမကောင်း မယားကြီးတွေဆီကလဲ အပြည့်ဘာမှ မမျှော်လင့်ပါနဲ့တော့ ဖေါက်ပြန်သူ အကြောင်းရှာ သမားတို့ရေ။ နင်တို့လိုချင်တဲ့ ခရာတာတို့ ညုတာတို့ကို နင်တို့ပေးသလောက်ယူ ကျွေးသလောက်စားနေတဲ့ ဘာမဆိုင် ညာမဆိုင် ဘူးသီးသီးမှ အရီးလာတော်ကြတဲ့၊ သူများအဆင်သင့် ခင်းထားတဲ့နေရာကို ခိုးလုထိုင်ကြတဲ့ မိန်းမတွေက သူတို့အပြစ်ဖုံးချင်ဇောနဲ့ ရသလောက်ယူပြီး ညုပြ၊ ခရာပြ၊တာပြပြီး နင်တို့အကြိုက် တော်သလင်းဇာတ်ကိုလဲက ကြပါလိမ့်မယ်။ တကယ်အစစ်အမှန် အနစ်နာခံထားတဲ့ မယားကြီးတွေကတော့ အဲ့ဟာမတွေလို နင်တို့ထားရာနေ စေရာသွားလုပ်နေမှာ မဟုတ်ဘူးဆိုတာဘဲ သဘောပေါက်ကြတော့ အတ္တသမား ကိုယ်လွှတ်ရုန်းသမား သစ္စ္စာဖေါက်တို့ရေ။
No comments:
Post a Comment