Total Pageviews

Monday, 1 June 2015


အက်မင်တို့ရဲ့ စီနီယာဖြစ်တဲ့ မယားငယ်များ နှိမ်နင်းရေးပေ့ခ်ျ ပျက်ခဲ့ပြီးနောက် အက်မင်တို့က မယားငယ်များ ဖော်ထုတ်ရေး ပေ့ခ်ျ ကိုထောင်ခဲ့ပါတယ် ။အဲ့ဒီ့ပေ့ခ်ျ ပျက်ခဲ့ပြီးနောက် မယားငယ်များ ဖော်ထုတ် နှိမ်နင်းရေးပေ့ခ်ျ ကို ထပ်ထောင်ခဲ့ပါတယ်။ အဲ့ဒီပေ့ခ်ျလဲ ပျက်ခဲ့ပါတယ် ။အခုနောက်ဆုံး မယားငယ်များ ဖော်ထုတ်ပညာပေးရေး ပေ့ခ်ျကိုထောင်ပြီး မယားငယ်များ အရှုပ်တော်ပုံလေးကိုပါလက်တွဲခေါ်လို့ ဘလော့ဂါ Leo ရဲ့ နည်းပညာ အကူအညီများနဲ့ Blog ပါ ထောင်ပြီး မယားငယ်များကို အစဉ်တစိုက် ဖေါ်ထုတ်လာခဲ့ရာမှာ အက်မင်တို့ ရင်ဆိုင်ရတာ ကတော့ ဒီပေ့ခ်ျကို အင်မတန်မုန်းကြတဲ့ မယားငယ်အတန်းအစား မိန်းမတစ်စုရယ် ထိုမယားငယ်တွေနဲ့ သာယာနေကြတဲ့ ယောက်ကျားတအုပ်ရယ် ကိုယ့်ပစ္စ္စည်းနဲ့ ကိုယ်ခံတာ ဒါလူ့အခွင့်အရေးပါလို့ တဗြဲဗြဲအော်နေကြတဲ့ မြန်မာပြည် ငွေချမ်းသာ ဆိုရှဲယ်လ် အသိုင်းအဝိုင်းက ဘာသာမဲ့ တစ်စုရယ်။ ဒီပေ့ခ်ျက မိန်းမတွေဟာ လင်ဆာမတွေပါဆိုပြီး အက်မင်တွေဆီကို Nude ပုံတွေပို့ပို့နေတဲ့ ငါသာ မဟာယောက်ကျား မိန်းမဆိုတာ ယောက်ကျားကို ပြုစုဖို့ ပေးဆပ်ဖို့လူဖြစ်လာတာ ဆိုတဲ့ စိတ်ကြီးဝင်နေတဲ့ ယောက်ကျားဘဲ လုပ်သမျှ တင့်တယ်တယ် နှာဗူးနဲ့ ဂန်ဒူး ၂ မျိုးဘဲ ရှိတယ်ဆိုတဲ့ ခပ်ဂေါက်ဂေါက် ငနဲသား တချို့ရယ်ဟာ ပေ့ခ်ျကို မပျက်ပျက်အောင် တိုက်ခိုက်မှု့အမျိုးမျိုးနဲ့ တိုက်ခိုက်ခဲ့ကြတာမို့ ပေ့ခ်ျတွေ ဒေါင်းခဲ့ရတာကို ကြည့်ရင် သိကြမှာပါလေ။ ဒီပေ့ခ်ျဟာ သူတို့ယောက်ကျားတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ ပေ့ခ်ျ အတင်းအဖျင်းပေ့ခ်ျဖြစ်အောင် ပေ့ခ်ျနာမည်ပျက်အောင် သီချင်းလိုလို စောင်းမြောင်းရေးပြီး လက်သီးပုန်းထိုးတာလဲ ခံခဲ့ရတာ အခါခါပါ။ ဒါပေမဲ့ ဒီအက်မင်တွေ ခေါင်းမာမာနဲ့ ဒီနေ့အထိ ရပ်တည်ခဲ့တာ ကြိုးစားခဲ့တာဟာ အမှန်တရားကို မြတ်နိုးလို့ မတရားမှု့ကို စက်ဆုပ်လို့ပါ။ အခုတင်ထားတဲ့ စာရေးသူအကိုလို မြန်မာအမျိုးကောင်းသားတွေ များများပေါ်ပေါက်လာရင် ဖြင့် မိန်းမနဲ့ကလေးတွေ ဘ၀ပျက် ဘ၀ဖျက်ခံရတဲ့ ဒုက္ခတွေ ကင်းဝေးကြရမှာပါ။ မေတ္တာဖြင့်.....
Admin မမကြီး
Admin Team
(Credit to Zaw Thurien Tun
အကောင်ပိုင်ရှင်၏ဝေါပေါ်မှမှ မူရင်းအတိုင်းကူးယူဖော်ပြပါသည်)
ယောကျာ်းက အိမ်ထောင်ရေးဖောက်ပြန်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ဆရာဝန်မကြီးရဲ့ သတင်းဖတ်မိပြီး ဒီပို့စ်လေး ရေးဖြစ်ပါတယ်...။
ကျွန်တော်က Broken Family မှာ နေထိုင်ခဲ့ရတဲ့ သြရသ သားကြီးတစ်ယောက်ပါ။ ကျွန်တော် ပထမနှစ်မှာ အဖေက အိမ်ပေါ်က ဆင်းသွားပြီး ကျွန်တော်တို့မိသားစုကို ပစ်ထားခဲ့ပြီး နောက်မိန်းမနဲ့ နေရာတစ်ခုမှာ ပေါင်းသင်းနေထိုင်ခဲ့တာ အခုထိပါပဲ။ အဖေဆိုပြီး လှိုင်းလုံးတွေ ထန်လာအောင် အော်ခေါ်ချင်ပေမယ့် ကျွန်တော်တို့ဘ၀မှာ အဖေမရှိခဲ့တော့တာ အခုထိပါပဲ။ နောက်တော့ ကျွန်တော် ဘွဲ့ရတယ်။ မိန်းမရတယ်။ အခု သမီးတစ်ယောက် ရတယ်။ အဖေ မရှိတော့တဲ့နောက်ပိုင်းမှာ အမေရယ်၊ ကျွန်တော်ရယ်၊ ညီမလေးနှစ်ယောက်ရယ် ဘ၀ကို ခက်ခဲပင်ပန်းစွာ တစ်ရက်တစ်ရက် မျက်ရည်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်။ မိသားစုတစ်ခုမှာ အဖေဆိုတာလေး မရှိရုံနဲ့ ကျန်ရစ်ခဲ့သူတွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ လူမှုရေးပိုင်းဆိုင်ရာရော၊ ငွေကြေးပိုင်းဆိုင်ရာရော အစစအရာရာ မျက်နှာငယ် စိတ်ဓာတ်ကျခဲ့ရတယ်ဆိုတာ ကျွန်တော့်အတွက် ဘ၀နဲ့ချီပြီး သင်ခန်းစာ ရခဲ့ရတယ်။ အခု ကျွန်တော့်ဇနီးနဲ့ သမီးကျရင် ဒါမျိုးတွေ မဖြစ်စေရဘူးလို့ ကျွန်တော် သန္နိဌာန် ချခဲ့တယ်။
အဖေ ဘာလို့ နောက်မိန်းမယူတာလဲဆိုတာ အခု အရွယ်ရောက် ယောကျာ်းတစ်ယောက်ဖြစ်လာတော့၊ အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်လာတော့ ပြန်ပြီး မေးခွန်းထုတ်မိတယ်။ အဲဒီမှာ အဖေ အိမ်ပေါ်က မဆင်းခင် ညမှာ ကျွန်တော့်ကို ထူးထူးခြားခြား စကားခေါ်ပြောတယ်။ (အဖေနဲ့အေးအေးဆေးဆေး စကားမပြောဖြစ်တာ အဲဒီကတည်းက နှစ်နဲ့ချီခဲ့ပြီ) သူပြောတာတွေမှာ မှတ်မိသလောက် လက်ရှိ သူ့မိန်းမ (ကျွန်တော့်အမေ)ဟာ မယားဝတ္တရား မကျေပွန်တဲ့အကြောင်းက အဓိကပါပဲ။ အမေ့ရဲ့ အားနည်းချက်က ကိုယ့်ယောကျာ်းကို တီတီတာတာ မလုပ်တတ်တာ၊ ကိုယ့်ယောကျာ်းကို ခေါ်တာကအစ ကိုတွေ မောင်တွေ မဟုတ်ဘဲ နာမည်အရင်းနဲ့ပဲ ခေါ်တာ၊ သူ့အတွေးထဲမှာ စီးပွားရေးနဲ့ သားသမီးအရေးကလွဲလို့ ယောကျာ်းအကြောင်း တွေးတဲ့အချိန်နည်းတာ၊ မီးဖိုချောင်ကိစ္စ မနိုင်နင်းတာ အဲဒါတွေကိုတော့ ကျွန်တော်လည်း မြင်တွေ့ထားရတော့ အဖေက ကျွန်တော့်ကို အဲဒီညမှာ စကားတွေပြောချိန်မှာ အင်း.အင်း..လို့ပဲ ခေါင်းညိတ်မိတယ်။ (အဲဒီအချိန်ထိ အဖေ ထွက်သွားရင်လည်း အေးဆေးပါပဲဆိုပြီး ထင်ခဲ့မိတယ်)။ နောက်ရက်မှာ အဖေဟာ အိမ်ပေါ်က ဆင်းသွားခဲ့တယ်။
အမေဟာ မျက်ရည်နဲ့ မျက်ခွက် ကျန်ခဲ့တယ်။ ကျွန်တော်တို့ သားသမီးတွေဟာလည်း မျက်ရည်နဲ့အတူ စိတ်ဒဏ်ရာ ကိုယ်စီနဲ့ ကျန်ခဲ့တယ်။ ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး။ မင်း အဖေ..ကိစ္စ............. အဲဒီအမေးတွေကို ဖြေချင်စိတ်မရှိလို့ လပေါင်းများစွာ ကျွန်တော် အိမ်တွင်းအောင်းခဲ့တယ်။
အမေဟာ သူ့အပူကို မြိုသိပ်ပြီး၊ ကျွန်တော်တို့ရှေ့မှာ မျက်ရည်မကျအောင် ထိန်းရင်း ကျွန်တော်တို့ မောင်နှမ ပညာရေးအတွက် ကြိုးစားရုန်းကန်ပေးခဲ့တယ်။ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကို ခါးစည်းခံခဲ့တယ်။ အခု ကျွန်တော်တို့ မောင်နှမတွေ နေရာအသီးသီး၊ အလုပ်ကိုယ်စီအသီးသီးနဲ့ အဝေးနေရာတွေဆီ ကိုယ်စီရောက်ကြလို့ အမေကတော့ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရတယ်။ သတိရတိုင်း သတိရတိုင်း ဒီအချိန်ဆို အမေ အိမ်မှာတစ်ယောက်တည်း ဖြစ်နေပါလားဆိုတဲ့ အသိဟာ ကျွန်တော်တို့ကို အရူးမီးဝိုင်းဖြစ်စေခဲ့တာ အခုထိပါပဲ။
အိမ်က မိန်းမဟာ ဘယ်လောက်တောင် အားနည်းချို့ယွင်းချက်ရှိပါစေဦး၊ ရုပ်ရည်ရူပကာ ဆွဲဆောင်မှု ဘယ်လောက်ပဲ လျော့သွားပါစေဦး.. နှစ်ပေါင်းများစွာ အတူတကွ ကြီးပြင်းခဲ့ရတဲ့ ဒီမိသားစုကိုပစ်ပြီး အဲဒီမိန်းမနောက်ကို တကောက်ကောက်ပါအောင် ဘာကြောင့် လိုက်သွားခဲ့လေသလဲ၊ ဘာကြောင့် အဲဒီလောက်ထိ မိုက်ရတာလဲ? ကျွန်တော် အဲဒီမေးခွန်းကို အဖေ့ကို မေးချင်သလို ကျွန်တော်ကိုယ်တိုင် ဖြေကြည့်ဖို့ ကြိုးစားခဲ့တယ်။
အခု ကျွန်တော့်ဇနီးဟာ အိမ်ထောင်တာဝန်တွေ၊ စီးပွားရေးအလုပ်တွေနဲ့ တဖြည်းဖြည်း ပိပြားလာတယ်၊ ကိုယ်ဝန်ဆောင်ရတယ်၊ ကလေးတစ်ယောက် မွေးရတယ်၊ သေချာတာကတော့ သူဟာ အပျိုတုန်းကလို မဟုတ်တော့ဘူး။ သမီးရည်းစားဘ၀တုန်းကလို သူ့အလှလေးကို ငေးစရာ မရှိတော့ဘူး။ အသက်အရွယ်ကလည်း ပျိုမြစ်နုပျိုချိန်ကို တဖြည်းဖြည်းနဲ့ စွန့်လွှတ်လာရတော့ ခေတ်စကားနဲ့ပြောရင် သူဟာ ဟိုင်းလာပြီ။ (ဒါတောင် သူ့နဲ့ရွယ်တူတွေနဲ့ယှဉ်လိုက်ရင် အတော်လန်းပါသေးတယ်)
ဒီတော့ ကျွန်တော်လည်း ယောကျာ်းတစ်ယောက်ပဲလေ။ အငယ်လေးတွေ အချောလေးတွေ ကြိုက်တာပေါ့။ နောက်ပြီး ယောကျာ်းတို့သဘာဝ တစ်ခါလာလည်း ဒါ တစ်ခါလာလည်း ဒါဆိုတော့ ရီုးအီလာတတ်တဲ့ စိတ်တွေ ဖြစ်တာပေါ့။ ဒါ ကျွန်တော် အရိုးသားဆုံး ၀န်ခံတာပါ။
အဲဒီလိုစိတ်တွေဖြစ်လာရင် ဘယ်လိုထိန်းချုပ်မှာလဲ၊ ဘယ်လိုစောင့်ထိန်းမလဲဆိုတာကတော့ ကျွန်တော့်အတွက်က ဘ၀နဲ့ ချီပြီး ရထားတဲ့ သင်ခန်းစာက ရှိပြီးသားလေ။ ကိုယ် ကမြင်းကြောထလိုက်ရုံနဲ့ ကျန်တဲ့သူတွေဟာ စိတ်ဒဏ်ရာ အသီးသီး ရပြီး နာကျင်ခဲ့ရမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် သိနေတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း စိတ်ဒဏ်ရာ အသီးသီး ရခဲ့တာကိုး။ ဒီနေရာမှာ Long Term မဟုတ်ဘဲ Short Term လေးသဘောနဲ့ စိတ်ဖြေတဲ့ အိမ်ထောင်သည်ယောကျာ်းတွေကိုတော့ ကျွန်တော် မဝေဖန်လိုပါဘူး။ ပြဿ နာပေးတာက Long Term တွေကိုး။
***မိန်းမတွေဟာ မုန့်ကိုသာ ဝေစားချင် ဝေစားနိုင်မယ်၊ အချစ်ကိုတော့ ဝေမစားနိုင်ဘူးတဲ့။ ယောကျာ်းတွေရဲ့ နှလုံးသားဟာလည်း ဟိုတယ်အခန်းလိုပဲ တစ်ခန်းမှာ တစ်ယောက်နှုန်း ထည့်ထားနိုင်တယ်တဲ့****
နှလုံးသားမှာ အဲဒီလို အများကြီးထည့်ထားနိုင်ဖို့ဆိုတာ အချိန်လည်း အတော်အားတဲ့သူ ဖြစ်နေလို့သာ ဖြစ်မှာပါ။ လူဆိုတာ မကောင်းမှုမှာ မွေ့လျော်တတ်တဲ့သဘာဝ ရှိတာပါပဲ။ တစ်ရက်တစ်ရက် ဟိုဟိုဒီဒီ မတွေးနိုင်လောက်အောင် အလုပ်တွေ များနေရင်၊ ပတ်ဝန်းကျင်မှာလည်း နီးစပ်ရာမိန်းကလေးတွေ မရှိရင်၊ ငွေကြေးကိုလည်း ထင်သလို သုံးစွဲခွင့် မရှိရင် ယောကျာ်းတစ်ယောက် "ယား" ဖို့အတွက် အခွင့်အလမ်း နည်းမယ်ဆိုတာ ကျွန်တော် ယောကျာ်းအချင်းချင်း သိပါတယ်။ ပြီးတော့ ဘ၀နဲ့ အချိန်အပိုင်းအစတွေကို ဒါလေးအတွက်နဲ့၊ တစ်နည်းအားဖြင့် လက်တစ်ဝါးစာလေးအတွက်နဲ့ ပေးဆပ် ရှင်သန်ရတာမျိုးဟာ တိုင်းပြည်အတွက်၊ ကမ္ဘာအတွက် အတော်လေးကို ဆုံးရှုံးစရာကောင်းတယ်လို့ပဲ ကျွန်တော်ခံယူတယ်။ ကိုယ် "ယား" တာဟာ ကိုယ့်ဇနီး၊ သားသမီးတွေအတွက် မျက်ရည်တွေ ဖြစ်ကျန်ခဲ့မယ်ဆိုတာ ကျွန်တော်သိတယ်။
ပြီးတော့လည်း မိန်းမအားလုံးဟာ အပြင်ပုံပန်းသဏ္ဍာန်သာ ကွဲပြားပေမယ့် ခုတင်ပေါ်ရောက်ရင် အားလုံးအတူတူပါပဲဆိုတာ "ယား" နေတဲ့ ယောကျာ်းတွေကိုပဲ ယောကျာ်းအချင်းချင်း သတိပေးရင်းနဲ့ ဒီပို့စ်ကို နိဂုံးချုပ်ပါရစေ။
Like · Comment · 
  • Write a comment...
  • Khin Lin Lin Phyu ကိုယ့်တစ်ကိုယ်စာလေးကောင်းဖို့ သူများဘ၀တွေ ဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓါတ်ဟာ အလွန်ကြောက်စရာ ကောင်းပါတယ်။ ဆန္ဒကို အသိသတိနဲ့ ထိန်းချုပ်နိုင်ကြပါစေ အမျိုးကောင်းသား တို့ရေ။
    Like · Reply · 15 · 3 hrs
  • Mamahnin Hnin အစုတ်ပလုတ် မတွေဒီပေ့ကသူတို့ကိုဘာလုပ်နေလို့လဲ
    Like · Reply · 2 · 2 hrs
  • Ma Shwe Thinn မယားငယ်များအရှုပ်တော်ပုံ
    Page ရီပို့ထုခံလိုက်ရပြန်ပြီလား
    ရှာလို့ကိုမရဘူးဖြစ်နေတယ်

    အီဒီ page ပျက်လို့မဖြစ်ဘူး
    ဝိုင်းရံပေးကြပါဦးလို့....
    Like · Reply · 7 · 3 hrs
  • Zarzar Myoမယားကြီးတွေကလဲလှချင်တာပေါ့ချွဲချင်တာပေါ့တာချင်တာပေါ့မိန်းမတွေဘဲသူများထက်သာချင်တာပေါ့ဒါပေမဲ့ကိုယ်ယောက်ကျားစားဖို့သားသမီးတွေအတွက်ဘဝတွေကိုစတေးရတာပါယောက်ကျားယူပြီဆိုထဲကစိတ်ခံစားမူအားလုံးကိုမိသားစုထဲမှာမြှပ်နှံထားတာပါသူတို့ပြောသလိုဆိုသူတို့ရဲ့အငယ်လေးတွေကမအိုတော့ဘူးလားမနာတော့ဘူးလားမသေတော့ဘူးလားတရားမရှိတဲ့ကိုယ်ချင်းစာတရားမရှိတဲ့သူတွေပါသူတို့လိုသူမိုးတွေနဲ့ဝေးသွားတာကောင်းပါတယ်ဒါပေမယ့်ကိုယ်လိုမိုးမိန်းမကောင်းတွေတော့မရပါဘူးfightingပါ
    Like · Reply · 20 · 3 hrs
  • Hsu Pyae Thu ကိုလဲ အတူတူပါဘဲ တစ်ယောက်ထဲ ရပ်တည်လာတာ ကလေးမွေးလို့အလှပျက်တာ အိမ်မှုကိစတွေကြောင့် ကလေးတွေကြောင့်မလှနိုင်တော့ဘူး လေ ဒါပင်မဲ့ သူတို့က သူတို့အတွတ်ပေးဆပ်နေတယ်မြင်ပုံမရပါဘူး frown emoticon
    Like · Reply · 6 · 2 hrs
  • Maybawin Koko ကိုယ်ချင်းစာတရားလေးပဲပေါ့
    ဒီနေရာမှာ ငါ့အမေ ငါ့ညီမ ငါ့အမ သာဆိုရင် ဆိုတဲ့စိတ်လေးများထားနိုင် ကြပါစေ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ရေ……်
    Like · Reply · 5 · 2 hrs
  • San TheinGi လူတိုင်းလူတိုင်းမှာအမှားကိုယ်စီတော့ရှိကြတာပါပဲ
    ပြန်ပြင်နိုင်တာကကောင်းပါတယ်
    ခဏခဏမမှားဖို့တော့လိုတယ်
    Like · Reply · 4 · 4 hrs
  • စူဠာ သုဘဒ္ဒါ မိန်းမငယ် ယောကျာင်္းတိုင်းသစ္စာရှိရင်ကောင်းပါတယ်
    Like · Reply · 4 · 3 hrs
  • Zarzar Myo ထမင်းစားတဲ့လူတွေပါ
    Like · Reply · 2 · 3 hrs
  • Aye Nyein Thuအဲလိုမျိုးစိတ်ဆိုတာယောက်ျားတွေဘဲဖြစ်တာမဟုတ်ပါဘူးယောက်ျားတွေဘဲသွေးသားနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး။ဒါပေမယ့်အမျိုးသမီးတွေလိုထိန်းချုပ်နိုင်စွမ်းတွေသူတို့မှာဘာလို့မထားနိုင်ရတာလဲ။
    Like · Reply · 4 · 1 hr
  • Shwe Zin Nay Winဖောက်ပြန်ချင်လို့အပြစ်မြင်တာပါကိုယ်ချစ်နေရင်ဘာဖြစ်ဖြစ်အပြစ်မြင်စရာမလိုပါဘူးကိုယ်နဲ့ဆိုးတူကောင်းဖက်လက်တွဲလာတဲ့မိန်းမကိုသာယာမှုတခုနဲ့လဲရင်တော့ဦးနှောက်မရှိလို့ဘဲသတ်မှတ်မယ်
    Like · Reply · 46 mins
  • Kyaw Yeaungမယားငယ်လုပ်တော့မယ်သူများလင်မှန်းသိနေလျက်ဇွတ်ဖြစ်နေတဲ့သူတွေ့တခုပဲစဉ်းစားတွေးလိုက်ပါငါသာမယားကြီးလိုခံစားနိုင်မလားလို့ဝဉ်ဆိုတာဘဝမကူးဘူးကားမစီးဘူးလို့ကားစီးရတိုင်းသာယာမနေနဲ့စီးချင်ရင်အလကားပေးလိုက်မယ်ကားဈေးကမတန်ပါဘူး
    Like · Reply · 18 mins
  • Like · Reply · 3 hrs

    No comments:

    Post a Comment